Imaikkaa Nodigal FHD

Imaikkaa Nodigal

Action Crime Drama Thriller FHD 2018-08-30 6.977 170 Min

ရဲနဲ့ ရာဇဝတ်ကောင်နဲ့ကြား ဉာဏ်ကစားတဲ့စုံထောက်ကားကောင်းကြိုက်သူ ပရိတ်သတ်တွေအတွက်ဂျင်းမဟုတ်တဲ့ အမှန်အကန်ကားပါ plot twist တွေအများကြီးနဲ့ကြည့်နေရင်း ဟာတွေ ဟင်တွေ ဟုတ်တယ်ဟတွေဘာတွေ ညာတွေ ဖြစ်ကုန်မယ် ဒီဇာတ်လမ်း ဟာဖြစ်ရပ်နှစ်ခုကို အခြေခံထားပါတယ်ရူဒရာဆိုတဲ့ လူသတ်သမားဟာ လူသုံးယောက်ကိုပြန်ပေးဆွဲတယ်ငွေသန်း၂၀ ဆီတောင်းပြီး ငွေရပြီးတာနဲ့ ပြန်ပေးဆွဲခံထားရသူတွေကိုသွေးကြောတွေဖြတ်သွေးထွက်လွန်ပြီး သေအောင်သတ်တယ်အလောင်းတွေကို မိဘတွေဆီပြန်ပို့ ခဲ့ပါတယ် ဒီအမှုကို အန်ဂျလီ လို့ခေါ်တဲ့ CBI အရာရှိတစ်ယောက်ကဖော်ထုတ်ခဲ့ပြီးရူဒရာကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါကတစ်ပိုင်း ဒီလိုနဲ့နောက် ငါးနှစ်ကြာတဲ့အခါ ရူဒရာနံမည် နဲ့ပုံစံတူ လူသတ်မှုတွေ ထပ်ဖြစ်လာပြန်ပါတယ်ဒီအခါမှာလည်း အန်ဂျလီ ဦးဆောင်ပြီး ရူဒရာ ဆိုသူကိုဖမ်းဖို့ကြိုးစားခဲ့ပေမယ့်ဒီတစ်ခေါက် ရူဒရာ ဟာအရမ်းဉာဏ်များပြီးစေ့စပ်သေချာလွန်းတဲ့အစီအစဉ်တွေကြောင့်ဖမ်းဖို့ကြိုးစားတိုင်း ရဲတွေ အရူးလုပ်ခံရပြီးမီဒီယာတွေရှေ့မှာ အရှက်ကွဲရပါတော့တယ်ဒီလို ဉာဏ်များလွန်းတဲ့ ရူဒရာကို ဘယ်လိုဖမ်းမလဲရူဒရာက ရဲတွေကိုဘယ်လိုတစ်ပါတ်ရိုက်လဲရူဒရာဆိုတာ.ဘယ်သူလဲ လွန်ခဲ့တဲ့ ငါးနှစ်က ရူူဒရာ နဲ့အတူတူပဲလား ဆိုတာတွေကိုဒီဇာတ်ကားထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရမှာပါ………………………………………………………….ဇာတ်လမ်းက BBC Sherlock ရဲ့ Richenbech Fall နဲ့နဲနဲဆင်တာလေးတွေရှိတယ်(ကော်ပီလို့ပြောတာမဟုတ် မတူပါပြီးတော့ မှာချင်တာက သီချင်းသံကြားတာနဲ့ ရစ်တာမျိုးမလုပ်ပါနဲ့ သီချင်းတိုတိုလေးတွေပါကြားထဲကအရေးကြီးတဲ့ဇာတ်ကွက်လေးတွေ လွတ်သွားမှာစိုးလို့ပါ