ဒီရုပ်ရှင်က Augmented Reality (AR) မျက်မှန်တွေနဲ့ အနာဂတ်ကမ္ဘာတစ်ခုကို ရိုက်ကူးထားပြီး၊ အဓိကဇာတ်ကောင်က အပြင်ထွက်ရတာ ကြောက်တဲ့ရောဂါ (agoraphobic) ရှိတဲ့ Patrick လိုခေါ်တဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ Patrick က ပြန်လည်စတင်မှု လိုခေါ်တဲ့ app တစ်ခုကို ဝယ်ပြီး အဲဒီ app က သူ့ကို အိမ်သန့်ရှင်းရေး၊ လူမှုဆက်ဆံရေး၊ နဲ့အရင်က ချစ်ခဲ့ဖူးသူကို ပြန်ဆက်သွယ်ဖို စတဲ့ သူအရင်ကကြောက်ခဲ့တဲ့ အရာအားလုံးကို game တစ်ခုလို စိတ်ဝင်စားစရာ level တွေနဲ့ လမ်းညွှန်မှုတွေဖန်တီးပေးတာမို Patrick ရဲ့ ဘဝကြီးလုံးဝပြောင်းလဲသွားခဲ့တယ်။အရင်လို အိမ်တွင်းအောင်းပြီး အပြင်မထွက်ရဲဘဲ လူကြောက်တာတွေ နေ့ချင်းညချင်း ပျောက်သွားတဲ့ Patrick တစ်ယောက် အဲဒီ app က သူ့ရဲ့ဘဝကို ကယ်တင်လိုက်တယ်လိုထင်ခဲ့ပေမယ့်အဆုံးသတ်မှာတော့ သူ့အတွက် ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်အပြည့်ဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။