အမည်မသိ သတ္တဝါတစ်ကောင်က သယ်လာတဲ့ အကျိုးကျေးဇူးနဲ့အတူလူ့အသက်အန္တရာယ်အကြောင်းကို အခြေခံရိုက်ကူးပုံဖော်ထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးမှာ တိုးတက်လာတဲ့ နည်းပညာနဲ့အတူလူတွေက အိုမင်းမှုကိုနှောင့်နှေးစေဖို့ ရှာရင်း…အမည်မသိသတ္တဝါကို ရှာတွေ့ခဲ့တာပေါ့…တစ်ချိန်တည်းမှာပါပဲ ဒီသတ္တဝါကလေ လူသားတွေကိုလည်းအသက်အိုးအိမ်ဖျက်စီးနိုင်တယ်တဲ့…တစ်ဖက်မှာလည်း လုံခြုံရေးအဖွဲ့က လုံရှောင်ဟူကတော့ဒီအရေးကြောင့် ဇနီးသည်ကို ဆုံးရှုံးခဲ့တဲ့အပြင်…ဒီအမှုရဲ့ နောက်ကွယ်ကြိုးကိုင်သူအဖြစ်ပါ ဝရမ်းထုတ်ခံထားရပြန်တာမို့…သူ့ကို ယုံကြည်ပေးတဲ့ မိတ်ဆွေတွေရှိနေခဲ့တာကြောင့်အမှန်တရားကို ဖော်ထုတ်ဖို့ခက်ခဲခဲ့ပါတယ်…တစ်ဖက်မှာလည်း သူ့ညီအစ်ကိုရဲ့ ညီမလေးကပြန်ပေးဆွဲခံထားရသေးတော့ သူတို့မှာ ကြံရာမရဖြစ်ပေမယ့်လည်း…ယုံကြည်ချက်တစ်ခုအတွက် ကြိုးစားခဲ့ကြတာပေါ့…ကဲ ရှောင်ဟူတစ်ယောက် နာမည်ကိုပြန်သန့်စင်နိုင်မှာလား…ပြန်ပေးသမားလက်ထဲက သူငယ်ချင်းညီမလေးကိုရောကယ်တင်နိုင်မှာလား…ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ဇာတ်ကားလေး ကြည့်လိုက်ပါတော့နော်