ပရိသတ်တွေအတွက် မှုခင်းရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ရှောင်းရော့လန်ဟာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကအဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။စစ်ဆင်ရေးတစ်ခုမှာ ရန်သူ့ထောင်ချောက်ထဲရောက်သွားပြီးအန္တရာယ်ကြားက ပြန်လာနိုင်ခဲ့ပေမဲ့ ဦးခေါင်းကို ထိမိပြီး အတိတ်မေ့သွားပါတယ်။လျိုယုံကလည်း မူးယစ်ဂိုဏ်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးအတိတ်မေ့နေတဲ့ ရှောင်းရော့လန်ကို စိတ်ထဲမှာ သူနဲ့စိမ်းနေသလို ခံစားရပါတယ်။တိတ်တဆိတ်စမ်းသပ်ပြီးနောက် အခုရှောင်းရော့လန်ဟာမူးယစ်ဂိုဏ်းချုပ်ချိန်ချန်ရဲ့ မွေးစားညီမလေး ဖန်းဖန်းဟန်ဆောင်ထားမှန်း သိလိုက်ရပါတယ်။ရန်သူ့လက်က တပ်ဖွဲ့ထဲအထိကို ဝင်ရောက်လာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ……ရှောင်းရော့လန်အစစ်ကရော ဘယ်မှာ ရှိနေသလဲ……နောက်ဆုံး မူးယစ်ဂိုဏ်းကို အပြတ်ရှင်းလိုက်ဖို့ရည်မှန်းချက်ကို အောင်မြင်နိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။