24 Hours to D-Day HD

24 Hours to D-Day

Drama War HD 2024-09-20 4.8 0 Min

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/War အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်..ရုပ်ရှင်ပညာဆုပေါင်းများစွာရရှိထားပြီး အော်စကာဆု စကာတင်စာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Eric Roberts ဟာ ဒီဇာတ်ကားလေးမှာမဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်ချုပ်နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်….ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီကမ်းတက်တိုက်ပွဲအတွက် ယူရီကာရေဒါအချက်ပြစနစ် နေရာချထားပေးရမယ့် လေထီးခုန်တပ်သားတွေရဲ့သက်စွန့်စံဖျားကြိုးစားအားထုတ်မှုကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်..နာမည်ကျော် နော်မန်ဒီကမ်းတက်တိုက်ပွဲဟာ ဂျာမန်နာဇီဝါဒချုပ်ငြိမ်းဖို့အတွက် အရေးပါခဲ့တဲ့ တိုက်ပွဲတွေထဲကတစ်ခုဖြစ်ပြီး လေထီးခုန်တပ်ဖွဲ့တစ်စုဟာကမ်းတက်တိုက်ပွဲမတိုင်ခင်မှာပဲ တိုက်ပွဲအတွက်အရေးပါတဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ရပါတယ်..၎င်းတို့ဟာ ဂျာမန်များသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ဝေဟင်မှတဆင့်စိမ့်ဝင်ပြီး စစ်မျက်နှာပြင်တစ်ခုဖွင့်ဖို့ ကြိုးစားရပါတယ်..သို့သော်လည်း ပြင်သစ်နိုင်ငံရဲ့ ထူထဲလှတဲ့မြူဟာ လေထီးခုန်တပ်ဖွဲ့များ ဆင်းသက်ရာစုရပ် ရှာရေးဖွေရေးကိုကြီးစွာဒုက္ခပေးလျက်ရှိရာယူရီကာရေဒါအချက်ပြစနစ်ဟာ အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်..ထိုစနစ်ဟာ မြေပြင်မှာ သုံးရတာဖြစ်တဲ့အတွက်ကြောင့် လေထီးခုန်တပ်ဖွဲ့များအားလုံး မထိုးဖောက်မီတပ်ကြပ်ကြီစတီးတို့တပ်စုဟာ ယူရီကာရေဒါအချက်ပြစနစ်တပ်ဆင်ရေးအတွက် ကြိုတင်နေရာချထားခံရပါတယ်..မြူဆိုင်းတဲ့ပြင်သစ်ရာသီဥတုရဲ့ ရက်စက်မှုကြောင့် ၎င်းတို့တပ်စုဟာဆင်းသက်ရာမြေပြင်ရှာမရဘဲ တစ်ယောက်တကွဲစီ ပြန့်ကျဲကာနောက်ဆုံး လူ ၄ ယောက်သာ အသက်ရှင်နိုင်ခဲ့ပါတယ်.ဂျာမန်များစိုးမိုးရာ နယ်မြေအတွင်း ဌာနချုပ်နဲ့ပါ အဆက်အသွယ်ပြတ်သွားသူ၄ ယောက်တည်း လှုပ်ရှားရတဲ့ ယူရီကာရေဒါအချက်ပြစနစ်တပ်ဆင်မှုစစ်ဆင်ရေးဟာအောင်မြင်ဖို့ရာ အခွင့်အလမ်းနည်းပါးလာတဲ့နောက်မှာတော့…ဒီဇာတ်ကားလေးဟာဆိုရင် အပစ်အခတ်များမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အက်ရှင်ကားချစ်သူများအတွက် ရွေးချယ်ကြည့်ရှုချင်စရာဖြစ်ပြီး စစ်မြေပြင်ရဲ့ မြင်ကွင်းတွေအဆုံးအရှုံးများရပုံတွေကို မြင်တွေ့နိုင်လို့ စစ်ကားကြိုက်နှစ်သက်သူ ပရိသတ်များလည်းရွေးချယ်ကြည့်ရှုနိုင်စေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ…