အီတလီဆယ်ကျော်သက်လူငယ်ဇာတ်ကားလေးဖြစ်တဲ့ Scianel ကတော့ ပါမဲလိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးမှာနေထိုင်တဲ့ရှန်နဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။အဘိုးနဲ့နှစ်ယောက်တည်းနေထိုင်တဲ့ရှန်နဲလ်ဟာ ငယ်စဉ်ကတည်းက သူ့ကိုယ်သူ သူများထက်ပိုထူးခြားနေခဲ့တာကို သတိထားမိခဲ့ပါတယ်။အရာအားလုံးကိုစူးစမ်းချင်စိတ်ပြင်းပြတဲ့ရှန်နဲလ်တစ်ယောက်သူများတွေမမြင်နိုင် မကြားနိုင်တာတွေကိုပါ မြင်နေကြားနေရတာပါ။ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့သာနေခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာတော့ဘာမှလုပ်ချင်စိတ်မရှိဘဲပျင်းရိနေကြတဲ့သူငယ်ချင်းတွေကိုစိတ်ကုန်လာတဲ့ရှန်နဲလ်တစ်ယောက်ရပ်ကွက်ထဲမှာလာဖွင့်တဲ့ မိန်းကလေးတွေရဲ့အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝပ်ရှော့တစ်ခုကို တက်ရဖို့ဖြစ်လာခဲ့ပါတယ်။ဝပ်ရှော့မှာ ပန်းချီတွေရေးဆွဲရင်းနဲ့မှ သူဆွဲတဲ့ပန်းချီတွေကအသက်ဝင်နေတာကိုတွေ့ရတဲ့အတွက် အဘိုးဖြစ်သူကိုပြောပြခဲ့ပါတယ်။အဲဒီအခါမှာတော့ ငွေလိုနေတဲ့အဘိုးဖြစ်သူက မြေးမရဲ့ထူးခြားတဲ့အစွမ်းနဲ့ငွေရှာခိုင်းခဲ့ပြီး ရှန်နဲလ်ကတော့အဘိုးခိုင်းတာလုပ်ပေးတဲ့တိုင်အောင် ပန်းချီကိုအနုပညာရှုထောင့်ကနေပဲဆွဲချင်တာကြောင့် မြေးအဘိုးနှစ်ယောက်ကြားမှာ ပြဿနာတွေဖြစ်လာကြပါတော့တယ်။