Dating My Past FHD

Dating My Past

Drama Romance FHD 2025-02-11 8.3 0 Min

အသည်းကွဲနေသူတွေ၊ toxic relationship ထဲက ရုန်းမထွက်နိုင်သူတွေ၊ အချစ်ရေးနဲ့ပတ်သတ်လို့ မိမိကိုယ်ကိုယ်‌မေးခွန်းထုတ်မိသူတွေအတွက်ဒီရုပ်ရှင်လေးကြည့်ဖို့ Recommend ပေးပါရစေခင်ဗျာ။ဇာတ်လမ်းအကျဥ်းချုပ်ကတော့ လက်ဆီဂျက်ဆန် ဆိုတဲ့ သမီးရည်းစားဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပေးတဲ့ ပညာရှင်တစ်ယောက်ဆီ ဆက်ဆံရေးအဆင်မပြေဖြစ်လို့ လာရောက်ဆွေးနွေးတဲ့စုံတွဲနှစ်ယောက်တို့ ဆွေးနွေးမှုလေးနဲ့ စတင်ထားပါတယ်။ကြုံတွေ့နေရတဲ့ ပြဿနာတွေပြောပြအပြီးမှာတော့ လက်ဆီ က သူမ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ရည်းစားဟောင်းအမျိုးမျိုးနဲ့ သင်ခန်းစာအဖုံဖုံကိုပြန်ပြောင်းပြောပြပါတယ်။ဒီလိုနဲ့ ဇာတ်လမ်းထဲ စီးမျောခံစားကြည့်လိုက်တဲ့အခါ သမီးရည်းစားဆက်ဆံရေးတွေမှာ ကြုံတွေ့နေကျ ဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ စိန်ခေါ်မှုတွေ၊ မိမိကိုယ်မိမိအားမလိုအားမရဖြစ်မှုတွေကိုမသိမသာတဖြစ်ရော၊ သိသိသာသာပါ မီးမောင်းထိုးပြသွားပါတယ်။ဒီလိုပြသနာတွေထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ…ဘယ်လိုတွေကုစားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်။