မင်းသား Yogi Babu ပါတဲ့ မျက်လှည့်ဆရာကား အသစ်တစ်ကား ၂၀၂၅ မှာထွက်ရှိလာပါပြီ။ တမီးလ်စကားပြော ရုပ်ရှင်ကားလေးဖြစ်ပြီးဇာတ်လမ်းအကျဉ်းလေးက – မျက်လှည့်ဆရာအဖြစ် အဖေ ငယ်ငယ်က သင်ပေးထားတဲ့ပညာကို အသုံးချနေတဲ့အချိန် ပတ်ဝန်းကျင် ဝေဖန်တာ ခံရ၊ အဆင်မပြေတာတွေ များခဲ့ရပါတယ်။ဖခင် နောက်ဆုံးဆန္ဒဖြည့်ဆည်းပေးဖို့ မျက်လှည့်ဆရာလုပ်နေရပေမယ့် နောက်ဆုံးလူ့အသိုင်းအဝိုင်းက ပုတ်ခတ်တာမတောင့်ခံနိုင်တော့ဘဲ ပုံစံတစ်မျိုး ပြောင်းပြီးလက်စားလိုက်ချေတဲ့ Thriller ဇာတ်ကားဆိုလည်း မမှားပါဘူး။အေးဆေး မျက်လှည့်ပြချင်တဲ့လူက ဝေဖန်သံတွေကြောင့် ဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုတာ ဇာတ်ရှိန်ကောင်းအောင် ရေးသားထားတဲ့ ကားဖြစ်ပါတယ်။