Juliet & Romeo FHD

Juliet & Romeo

Drama Romance FHD 2025-05-09 6 122 Min

ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်..ရိုမီယို ဂျူးလိယက် ပြဇာတ်ကို မူအမျိုးမျိုးနဲ့ ရုပ်ရှင် ပြဇာတ် သီချင်းစတဲ့နယ်ပယ်အသီးသီးမှာ ပုံဖော်ကြသလို ခုတစ်ခေါက်ကားလေးဟာလည်းအသွင်သဏ္ဌာန်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးဖြစ်ပါတယ်..အီတလီနိုင်ငံအဖြစ်မပေါ်ထွန်းသေးခင် အချိန်ကာလ ပုပ်ရဟန်းမင်းနဲ့ ရောမတော်ဝင်နွယ်တို့အားပြိုင်ကြချိန် ဗရိုနာ ဒေသဟာ အစုတ်ဖြဲခံရမယ့် နယ်မြေဖြစ်လာခဲ့ပါတယ်..သို့သော်လည်း ဗရိုနာဒေသဟာ မူလကတည်းက စည်းလုံးညီညွတ်မှုမရှိဘဲ မိသားစုကြီးနှစ်ခုတို့ အားပြိုင်နေကြတဲ့ အရပ်ဖြစ်တဲ့အတွက် အင်အားကြီးသူတို့ဝင်လာတဲ့အခါ အင်အားမမျှဘဲထိုးအပ်လိုက်ရမယ့်အခြေအနေ ဆိုက်ခဲ့ပါတယ်..သို့နှင့် ဂျူးလိယက်ရဲ့ဖခင်ဖြစ်သူဟာ နယ်ခြားဒေသကဖြစ်သူ မင်းသားတစ်ပါးနဲ့ ဂျူးလိယက်ကို လက်ဆက်ပေးကာ မဟာမိတ်ဖွဲ့ဖို့လုပ်နေစဉ်မှာပဲမဟာရန်သူတော်မိသားစုမှရိုမီယိုနဲ့ ဂျူးလိယက်တို့ အချစ်ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီး အချစ်ရေးအတွက် ရုန်းကန်ရဖို့ ဖြစ်လာပါတော့တယ်..ဒီကားလေးဟာဆိုရင် Romance/Drama/ Musicalအမျိုးအစားလေးဖြစ်တာကြောင့် သီချင်းတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားပြီး ရှိတ်စပီးယားလက်ရာပေါ်မှာကွန့်မြူးထားတဲ့ ဒါရိုက်တာရဲ့ ဇာတ်ကွက်အပြောင်းအလဲများကိုလည်းအမြင်မတူဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိတ်သတ်များ မြည်းစမ်းကြည့်ရှုနိုင်ရန်ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်….