ဂေါ်တမ်တစ်ယောက် သူ့အမေရဲ့ မင်္ဂလာပွဲအတွက် ညီဖြစ်သူက လေယာဉ်ချိန်နောက်ကျပြီးတော့ရထားနဲ့လာခဲ့လိုက်တာဖြစ်တဲ့အတွက် ရထားဘူတာကို သွားကြိုဖို့ ဖြစ်လာခဲ့ပါတော့တယ်။ညီဖြစ်သူဟာ ဘူတာကိုရောက်လို့ လာကြိုတဲ့အစ်ကိုဖြစ်သူကို စောင့်နေတုန်းမှာပဲ သူ့ဘေးကနေဖြတ်သွားတဲ့ အမျိုးသမီးတစ်ယောက်ဆီကနေ ကလေးဦးထုပ်လေး ပြုတ်ကျတာတွေ့လို့ သွားကောက်မိလိုက်တဲ့အချိန်မှာဂျမ်ပါလို့ခေါ်တဲ့ အမျိုးသမီးက သူ့ကလေးကို ခိုးပါတယ်ဆိုပြီးစွပ်စွဲပြောဆိုပါတော့တယ်။ ဒါပေမဲ့လည်း ဂျမ်ပါလို့ခေါ်တဲ့အမျိုးသမီးဟာ အမှန်တကယ် ကလေးပျောက်သွားခဲ့တာဖြစ်ပြီး ကလေးသူခိုးနဲ့ ကလေးအမေကြားမှာ ဂေါ်တမ်ရဲ့ ညီတော်မောင် ကြားညှပ်ပါတော့တယ်။ဂေါ်တမ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့ညီဖြစ်သူရဲ့ ပြဿနာကိုရှင်းပေးပြီး ထွက်သွားမယ်အလုပ်ရထားဘူတာစောင့်က ရဲတွေကို ဆက်သွယ်ထားကြောင်း ထွက်ဆိုချက်ပေးပြီးမှ ပြန်လို့ရမယ်ဖြစ်ကြောင်းပြောလာတဲ့အခါမှာတော့ကလေးပျောက်တဲ့ ပြဿနာကြားထဲမှာ ကြားညှပ်ရပြီဆိုတာကို ညီအစ်ကိုနှစ်ယောက် သိလိုက်ရပါတော့တယ်။မိခင်ဖြစ်သူကလည်း သားငယ်ကို တွေ့ချင်နေပြီဖြစ်ပြီး ဖုန်းတစ်ဂွမ်ဂွမ်ဆက်လို့နေပါတယ်။ဒီလိုနဲ့ ဂေါ်တမ်တစ်ယောက် ညီဖြစ်သူကို ဒီအမှုတွဲထဲကနေ ဘယ်လို ရအောင်ဆွဲထုတ်မလဲ ………ကလေးပျောက်ပြဿနာကို ဘယ်လိုနည်းလမ်းသုံးပြီး ဖြေရှင်းသွားမလဲ …..ဂေါ်တမ်တို့ ညီအစ်ကိုမိခင်ကြီးရဲ့ မင်္ဂလာပွဲကို အချိန်မီ ရောက်သွားနိုင်ပါ့မလား ….ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။