Raja Hindustani HD

Raja Hindustani

Drama Romance HD 1996-11-15 6.4 177 Min

ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကိုပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာအဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီးခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့တာပါနွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ပါလန်ခက်ရွာလေးဆီကို သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်သူ့ရည်ရွယ်ချက်ကတော့ မိခင်ဖြစ်သူ မကွယ်လွန်ခင်က ပိုင်ဆိုင်ခဲ့တဲ့ ရွာအိမ်လေးကိုမြင်တွေ့ချင်တဲ့ ဆန္ဒကြောင့်ပါအာရ်တီက ပါလန်ခက်ကိုရောက်ဖို့ တက္ကစီဌားရပါတော့တယ် အဲဒီမှာပဲ ရာဂျာနဲ့ မထင်မှတ်ဘဲ ဆုံဆည်းမိကြပြီးသူတို့နှစ်ဦးရဲ့ ဘဝလမ်းကြောင်းတွေဟာ အဲဒီကစပြီး တစ်ခုနဲ့တစ်ခုဆက်စပ်မိသွားပါတော့တယ် ရာဂျာကအာရ်တီကို ရွာအိမ်လေးဆီ ပို့ဆောင်ပေးရင်း သူတို့နှစ်ဦးဟာ တဖြည်းဖြည်း ရင်းနှီးလာကြပြီး မြို့ပြက ချမ်းသာတဲ့ကောင်မလေးနဲ့ ရိုးသားတဲ့ တက္ကစီဒရိုင်ဘာလေးတို့ကြားက ဆုံဆည်းမှုဟာဘယ်လိုဆက်ပြီး ဖြစ်ပေါ်လာမလဲဆိုတာကတော့လိုက်ပါစီးမျောလိုက်ပါဦး တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့