ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီးလေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို့ စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျက်ရှိနေခဲ့ပါတယ်..တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တို့ဟာ ၎င်းလေယာဉ် ကျွန်းမှ မထွက်ခွာရန်တားမြစ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ပါတယ်..ထိုသို့ရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖို့ကိုသာ အလောတကြီးဖြစ်နေခဲ့ပါတယ်..လေယာဉ်ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ထွက်ခွာခဲ့တဲ့နောက်မှာတော့ အရာအားလုံးဟာ အေးဆေးလျက်…ခရီးသည်များ လေယာဉ်မယ်များ လေယာဉ်မှူးများဟာလည်း ကိုယ်စီအလုပ်ရှုပ်နေကြလျက်…ထိုအချိန်မှာပဲ လေယာဉ်စက်ခန်းသို့ စက်ချို့ယွင်းမှုတစ်ခု စစ်ဆေးရန်ရောက်လာသူ လေယာဉ်မောင် သောမတ်စ်တစ်ယောက် ဖွံ့ထွားတဲ့ရင်သားများနဲ့ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တွေ့ရတဲ့အခါမှာတော့…ဒီရုပ်ရှင်ကားလေးဟာ လှည့်ကွက်များနဲ့ ဖမ်းစားထားတဲ့ Horror ကားလေးဖြစ်ပြီး သွေးသံရဲရဲရုပ်ရှင်များကို ကြိုက်နှစ်သက်သူပရိသတ်များ ရွေးချယ်ကြည့်ရှုဖွယ်ရာဖြစ်ပါတယ်..ထို့အပြင် Best Special Effects လည်း ရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တာကြောင့် Horror ကားချစ်သူ ရုပ်ရှင်ပရိသတ်များမြည်းစမ်းကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….