Mountainhead HD

Mountainhead

Comedy Drama HD 2025-05-22 5.6 109 Min

ဒီကားလေးကတော့ လက်ရှိ billionaire အချို့ရဲ့ အစွန်းရောက်နိုင်မှုကို ထင်ဟပ်ထားပါတယ်။AI ထုတ် သတင်းအမှားတွေကြောင့် ကမ္ဘာတစ်ဝှမ်း အုတ်အော်သောင်းနင်းဖြစ်နေစဉ်မှာကျိကျိတက်ချမ်းသာတဲ့သူဌေးသူငယ်ချင်းလေးယောက်က မောင်တိန်ဟာ့ဒ်ဆိုတဲ့နေရာမှာ အားလပ်ရက်ကို လာအပန်းဖြေကြတယ်။ဒါပေမဲ့ သူတို့တစ်ဦးချင်းစီမှာက လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပါတယ်ရလေလိုလေအိုတစ္ဆေဆိုသလိုပဲ လူတစ်ယောက်က ဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါစေ ကိုယ့်ထက်သာတဲ့လူကိုအမြဲမျှော်ငေးနေရင်ကတော့ ကျေနပ်မှုက ဘယ်လိုမှမရလာတတ်ဘူး။အဲ့ဒါကပဲသူတို့လေးယောက်ကြားမှာ စိတ်၀မ်းကွဲစရာဖြစ်လာတယ်။သူတို့လေးယောက်ပဲရှိတဲ့ ဒီမောင်တိန်ဟာ့ဒ်နေရာကြီးမှာ ကိုယ်ကျိုးအတွက် ကိုယ်စီလှုပ်ရှားရုန်းကန်ကြတဲ့အခါ ဘာတွေဖြစ်ကုန်မလဲ‌ဆိုတာတော့ဆက်လက်ကြည့်ရှု့လိုက်ကြနော်။