Jaat HD

Jaat

Action Crime Drama HD 2025-04-10 6 153 Min

သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာသီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာအလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကိုရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သားတွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယနိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကိုရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိခံလိုက်ရပါတော့တယ်။တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်းပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီးလာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစသက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင်နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုးဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်းရောက်သွားတဲ့ အခါမှာတော့…မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ရွာသားတွေကိဘယ်သူက အကူအညီလာပေးမှာလဲ…သီရိလင်္ကာက ခိုးဝင်လာတဲ့ ရာနာတွန်ဂါကို ဘယ်သူကအဆုံးသတ်ပေးမှာလဲ…ဘယ်လိုဇာတ်ကွက် အလှည့်အပြောင်းတွေက ဆီးကြိုနေမလဲ…ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု အားပေးကြပါဦးလို့ …