Chapel FHD

Chapel

Thriller Mystery FHD 2025-05-09 7.7 92 Min

Low Budget ဆိုပေမဲ့ သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ Chapel ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းသဘောတရားကိုပြောရရင်တော့ အတိတ်မေ့နေတဲ့ လျှို့ဝှက်ဆန်းကြယ်လူသားတစ်ယောက်ရဲ့ အတိတ်ကိုပြန်လည်တူးဆွရင်းနဲ့ စိတ်ဝင်စားစရာတွေ တစ်ခုပြီးတစ်ခုအဆက်မပြတ်ပေါ်လာတာမျိုးပါပဲ။ဇာတ်လမ်းအစမှာ လူတစ်ယောက်က ရေကန်ထဲမှာသေလုမျောပါးအနေအထားနဲ့ မျောပါလာပြီးနောက်မှာတော့ အဲ့ဒီမြို့ကဆေးရုံမှာပဲ အရေးပေါ်ကုသလိုက်ရပါတော့တယ်။၅ လကျော်ကြာပြီးတဲ့နောက် သတိပြန်လည်လာတဲ့အခါမှာတော့ သူ့နာမည် သူ့အတိတ် သူဘယ်သူဆိုတာတွေ တစ်ခုမှမမှတ်မိတော့ပါဘူး။သူသိတာသူ့ရှေ့မှာ လက်ရှိတွေ့နေရတဲ့ ဆိုဖီယာဆိုတဲ့ သူနာပြုမလေးတစ်ယောက်သာရှိပြီး စကားစမြည်ပြောကြရင်းကနေ သူ့ကိုဘယ်လိုခေါ်ရမှန်းမသိတော့ လောလောဆယ်အတွက်သူကြိုက်တဲ့အဆိုတော်ရဲ့နာမည်ဖြစ်တဲ့ ကိုဟန်လို့ပဲ နာမည်ပေးထားလိုက်ပါတော့တယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့ ကိုဟန်နဲ့ဆိုဖီယာတို့ ချစ်မိသွားကြပြီး အတူတူနေထိုင်ရင်းကနေ ကိုဟန်ရဲ့မှောင်မိုက်ခဲ့တဲ့အတိတ်က သူဒီကိုလာခဲ့တဲ့ပုံစံနဲ့ ရောက်လာတဲ့အခါမှာတော့သူအရင်တုန်းကဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို စိတ်ဝင်တစားရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။