Sphere HD

Sphere

Horror Thriller Mystery Science Fiction HD 1998-02-13 6.1 134 Min

Rotten Tomatotesအနေနဲ့ 13%ရာခိုင်နှုန်းသာရရှိထားပြီး IMDBအနေနဲ့ ၆.၁သာရထားခဲ့လို့ Underrated Gem တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်။1998 တုန်းက တစ်နှစ်တည်းထွက်ခဲ့တဲ့ Titanicနဲ့အပြိုင်မချဲနိုင်ခဲ့သလို Box-Office အရလည်း အခြေအနေမဟန်ခဲ့လှပါဘူး။စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရတဲ့အခါမှာ အရမ်းကိုတာဝန်ကြီးသလိုစာအုပ်ဖန်တွေရဲ့သပိတ်မှောက်ခြင်းကိုပါခံလိုက်ရလို့ပါပဲ။စာအုပ်ဖန်များရဲ့ပြောစကားအရ စာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကြည့်ရတာအားမရဘူးလို့ဆိုကြပါတယ်သို့သောလည်း Science – Fiction ကောင်းကောင်းငတ်နေသူများအဖို့ မိုးအေးအေးနဲ့ ကြည့်ရတာ ခေါင်းစားစားဖြစ်နေစေမှာပါ။1987နှစ်ခုမှာထွက်ရှိခဲ့တဲ့ “ Sphere “ ဆိုတဲ့ဝတ္ထုကို “ Sphere“ ဆိုတဲ့နာမည်အတိုင်းပဲ အပြောင်းမလဲမရှိရိုက်ကူးခဲ့တာဖြစ်ပါတယ်။စာအုပ်ကိုရေးသူ စာရေးဆရာ Michael Crichton ဟာလည်း နာမည်ကျော် ဂန္တဝင် ဝတ္ထုများဖြစ်ကြတဲ့ “ Jurassic Park “ “ Disclosure“ စတဲ့လက်ရာမြောက်ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် ဇာတ်ပို့များဟာလည်း ခေသူတွေမဟုတ်ကြပြန်ပါဘူးဂန္တဝင်မင်းသားကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့ Dustin Hoffman တို့ Sharon Stone တို့  Samuel L . Jackson တို့ Queen Latifah တို့စတဲ့ အရည်အချင်းရှိသရုပ်ဆောင်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရေအောက်ပြကွက်များစွာကို သည်းထိတ်ရင်ဖိုတင်ဆက်ထားတာမို့ ဒီလိုမိုးဝသုန်လေတရှဲရှဲကာလမှာ ရေအောက်သမုဒ္ဒရာကြမ်းပြင်အောက်ကို တစ်ခေါက်လောက်အလည်သွားကြည့်လိုက်ရအောင်ပါ။