The Great Gatsby FHD

The Great Gatsby

Drama Romance FHD 2013-05-09 7.363 143 Min

The Great Gatsby ဟာ ကျွန်တော့်အတွက်တော့ ခဏခဏ သတိအရမိဆုံး ရုပ်ရှင်ပါပဲ။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဆီကထွက်တဲ့ သီချင်းတွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ “အချစ်ဆိုတဲ့အရသာ”သီချင်းကို နားထောင်တိုင်း သတိရမိနေကျ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အချစ်ဆိုတဲ့အရသာဟာ ကျွန်တော်ရံဖန်ရံခါနား‌ထောင်ဖြစ်တဲ့ သီချင်းဖြစ်သလို ဒုတိယပိုဒ် “အရင်လို ဘ၀အစမှာပြန်ပြီးနေခွင့်ရတောင် အပြန်တစ်ရာမိုက်ဦးမှာ အဖန်တစ်ရာမှားဦးမှာ” နားရောက်တိုင်း ဂတ်စ်ဘီကို ပြေးမြင်မိစေတဲ့ သီချင်းလည်းဟုတ်ပါတယ်။ ဂတ်စ်ဘီဟာ ကျွန်တော့်အတွက် ခဏခဏအမှတ်ရမိနေလောက်အောင် စွဲစေတဲ့ ရုပ်ရှင်ပါပဲ။The Great Gatsby (2013) ဟာ မော်ဒန်ကလပ်စစ်ရုပ်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။