ကျွန်တော်တို့လို 90’ Born တွေအတွက် ကြော်ငြာဆိုတာ အပန်းဖြေအစီအစဉ်တစ်ခုထဲမှာပါပါတယ်။ညနေ ၇ နာရီ ၊ ၉ နာရီ ဇာတ်လမ်းတွဲတွေ မလာခင် တန်းစီပြတတ်တဲ့ ကြော်ငြာတွေကိုတမေ့တမောစောင့်ကြည့်ရတာလည်း အလုပ်တစ်ခုပါပဲ။ကြော်ငြာဆိုတာကလည်း (အမြဲတမ်းတော့မဟုတ်ပေမယ့်) ကျော်အောင် ညာရတာတွေ ရှိပါတယ်။ဒီ ၂၀၂၃ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ကြော်ငြာတစ်ခုအရင်းပြုပြီးပြန်ပေးဆွဲခံရသူတစ်ယောက်အကြောင်းကို Plot Twist တွေနဲ့ ရှုစားရမှာပါ။ဇာတ်လမ်းကတော့ ရီကို (Rey Goyos)ဆိုတဲ့ နောက်ဆုံးအဆင့်ရောဂါသည်တစ်ယောက်ဟာအသက်ဆက်ဖို့ဆေးဖိုးဝါးခမတတ်နိုင်တော့တဲ့အဆုံး ကြံမိကြံရာလုပ်ရင်း စုပေါင်းအလှူရန်ပုံငွေ(Crowdfunding) ရဖို့ ကြိုးစားပါတော့တယ်။သူကြံစည်ပုံက အောင်မြင်နေတဲ့ဆုရကြော်ငြာဒါရိုက်တာတစ်ယောက်ဖြစ်တဲ့တယ်ရီ (Micheal Teh) ကို ပြန်ပေးဆွဲပြီး သူ့အတွက်အကောင်းဆုံးအလှူရန်ပုံငွေကြော်ငြာလုပ်ခိုင်းတာပါ။တယ်ရီကရော ရီကိုလိုအပ်နေတဲ့ငွေသိန်းချီတဲ့ရန်ပုံငွေကိုရှာပေးနိုင်ပါ့မလား၊ရီကိုကရော ငွေတွေရပြီး အသက်ဆက်နိုင်ပါ့မလား ဆိုတာကို ရှုစားကြည့်ပါ။သရုပ်ဆောင်ကောင်း မင်းသားနှစ်ယောက်တည်းကိုတည်ပြီးရိုက်ကူးထားတဲ့ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၇ခုမှာ ဆုပေါင်း ၉ခုနဲ့ Nominee ၃ခု ဝင်ခဲ့ပါတယ်။ဆုအများစုကိုတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သူ Micheal Sarrowက သိမ်းကြုံးရယူသွားပြီးမင်းသားနှစ်ယောက်လုံးလည်း ဆုချီးမြှင့်ခံရပါတယ်။အကြမ်းဖက်မှု၊ သွေးထွက်သံယို နဲ့ ဆဲရေးတိုင်းထွာတာတွေပါဝင်လို့ ကြည့်ရှုသူများ ဆင်ခြင်သင့်ပါတယ်။