The Laws of Thermodynamics HD

The Laws of Thermodynamics

Comedy Romance HD 2018-04-20 5.802 100 Min

Relationship တစ်ခုကို တည်ဆောက်တဲ့အခါ သိပ္ပံနည်းကျ တည်ဆောက်ဖူးကြပါသလား။ကိုယ့်ရဲ့ relationship ကို ရူပဗေဒရဲ့ ဥပဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ဖူးပါသလား။လူတစ်ရာမှာ တစ်ယောက်လောက်တောင်ရှိဖို့ ရှားပါတယ်။အဲဒီလိုလူမျိုးတစ်ယောက်ရှိတယ်။ သူကတော့ မန်နဲပါ။ သူက နက္ခတ္တရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီးသာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေအကြောင်းကို စာတမ်းရေးနေသူပါ။တွဲတဲ့ရည်းစားတိုင်းကိုလည်း ရူပဗေဒပုံစံခွက်ထဲဆွဲထည့်ပြီး ယှဉ်ထိုးချိန်ဆနေလေ့ရှိတယ်…တစ်ခါတလေ ဟာသဆန်နေပေမယ့်မန်နဲနဲ့တွဲတာကြာလာတဲ့သူတွေအဖို့တော့ စိတ်ပျက်စရာပါပဲ….ခပ်ကြောင်ကြောင်နိုင်တယ်လို့ယူဆလို့ရတဲ့ မာနဲအဖို့ အချစ်စစ်များတွေ့မလားဆိုတာတော့ဆက်စောင့်ကြည့်ပေါ့ဗျာ…ဒီဇာတ်ကားမှာရှုပ်ထွေးတဲ့ ရူပဗေဒရဲ့ ဥပဒေသတွေ၊ သာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေ စသည်ဖြင့် ပါရှိပါတယ်။ကြည့်ရတာ အနည်းငယ် ရှုပ်ထွေးနေသယောင်ရှိပါတယ်။သို့သော်လည်း ထိုဥပဒေသတွေနဲ့ ဖြစ်တတ်တဲ့ လူ့စိတ်လူ့သဘာဝကို နှိုင်းယှဉ်ပုံဖော်သွားတာတော့ လေးစားဖွယ်ပါပဲ။ဒါကြောင့်မလို့ ဘယ်နေရာမှာ ဘယ်ဥပဒေသနဲ့ နှိုင်းယှဉ်သွားသလဲဆိုတာ ကြည့်လိုက်ကြစို့လားဗျာ။စာကြွင်း။ ။ ရူပဗေဒ၏ ရှုပ်ထွေးသောဥပဒေသများ သဘောသဘာဝများကို လူအများနားလည်အောင်ကြိုးစားဘာသာပြန်ထားသော်လည်း အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက သည်းခံခွင့်လွှတ်ပေးကြပါ…