A Widow's Game HD

A Widow's Game

Thriller Mystery HD 2025-05-29 6.328 0 Min

ဒါကတော့ ဖြစ်ရပ်မှန်အပေါ်ကို အခြေခံထားတဲ့ စပိန်မှုခင်းဇာတ်လမ်းလေးဖြစ်ပါတယ်။အာတူရီဆိုတဲ့သာမန်လူတစ်ယောက်က တစ်ရက်မှာ ကားပေါ်မှာတင်ပဲ ဓားထိုးပြီး သတ်ခံလိုက်ရပါတယ်အလုပ်နဲ့အိမ်ပဲသွားလာနေတဲ့ သာမန်လူတစ်ယောက်ကဘာကြောင့်သတ်ခံလိုက်ရလဲဆိုတာက ရဲတွေအတွက်တော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။သူက သူ့ထက်ငယ်တဲ့မိန်ကလေးတစ်ယောက်ကိုလက်ထပ်ထားပြီး အဲ့ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်လာပါတော့တယ်။ဒါပေမဲ့ စုံစမ်းမှုတွေလုပ်ရင်းကနေ ကောင်မလေးက ရှုပ်ပြီး ဖောက်ပြန်နေတယ်ဆိုတာကို သိလာရပါတယ်။အဲ့လိုနဲ့ပဲစုံထောက်အေဗာက စုံစမ်းရင်းကနေပဲ ကောင်မလေးရဲ့အရှုပ်တော်ပုံတွေကို သိလာရပြီး ပိုပိုဆိုးနေတာကို သိလာရပါတယ်။ကောင်မလေးက လက်ထပ်ပွဲမတိုင်ခင်တစ်လလောက်အလိုမှာတင်ဖောက်ပြန်ဖူးတာကြောင့် စုံထောက်တွေက ကောင်မလေးရဲ့အရှုပ်အရှင်းတွေကြောင့် ဖြစ်လာတယ်လို့ ယူဆလာကြပါတယ်။တကယ်ပဲ ကောင်မလေးက ရှုပ်ပြီး သူ့ယောကျာ်းကို သတ်ပစ်လိုက်တာလား။ပိုရှုပ်ထွေးတာတွေရှိနေမလား။ ယောကျ်ားကရော မြွေပွေးကို ခါးပှိုက်ပှိုက်ထားမိတာလားဆိုတာကို ကြည့်ရှကြရမှာဖြစ်ပါတယ်။