ရမ်မ်နဲ့မေတို့ မောင်နှမနဲ့အတူ သူငယ်ချင်းငါးယောက်တို့ဟာ ပြဿနာပေါင်းစုံနဲ့ ဘ၀ဟောင်းတွေကို ကျောခိုင်းပြီး သူတို့နှစ်ယောက်ရဲ့လူသူမနီးတဲ့ ကျေးလက်အိမ်ကြီးတစ်ခုမှာဘ၀သစ်ပြန်စဖို့မျှော်လင့်ချက်နဲ့ရောက်လာခဲ့ကြပါတယ်။ဒါပေမယ့်လည်း ရောက်ရောက်ချင်းညမှာပဲ အိမ်ကြီးရဲ့လျှို့ဝှက်ခန်းထဲက ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့ကြပြီး အဲ့ဒီစာအုပ်ကိုမတော်တဆရွတ်ဖတ်မိရာကနေ မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်မိသလိုဖြစ်ပြီး သူတို့အားလုံးအတွက်ကြမ္မာဆိုးတွေကျရောက်ဖို့ဖြစ်လာပါတော့တယ်။Evil Dead အင်ဒိုနီးရှားဗားရှင်းလို့ပြောလို့ရတဲ့ကားပါ။ဒါပေမယ့် မကောင်းဆိုးဝါးရောက်လာပုံနဲ့တစ်ချို့နေရာတွေ ဆင်တူနေတာကလွဲလို့ အားလုံးထပ်တူကျနေတာတော့လည်းမဟုတ်ပါဘူး။သာမန်မြင်နေကျအောက်လမ်းအတိုက်တွေ၊ ဘာသာရေးတွေနဲ့ရောထွေးနေတဲ့ ဇာတ်ကားမျိုးလည်းမဟုတ်ပဲ ကွဲထွက်နေတဲ့ဇာတ်ကားပါပဲ။ အီလေးဆွဲနေတာတွေ အိုင်နေတာတွေမပါပဲ ဇာတ်လမ်းစကတည်းက သွက်သွက်လက်လက်နဲ့အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။