လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ဖူးတဲ့ ဝေါ့ဟာ တိုက်ထဲမှာဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတစ်ခုကနေ ခန္ဓာကိုယ်တခြမ်းလေဖြတ်သွားခဲ့ပါတယ်သူ့ရဲ့ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကိုဆုံးရှုံးခဲ့ပြီးနောက်စိတ်ဓာတ်ကျနေတဲ့ဝေါ့ဟာ စကားတောင်ပြီးပီပြင်ပြင်မပြောနိုင်တော့တာကြောင့် သူ့ရဲ့တိုက်ခန်းမှာနေတဲ့ သူနဲ့အစေးမကပ်တဲ့ drag queenတစ်ယောက်ဆီမှာ သီချင်းဆိုလေ့ကျင့်ဖို့အကြာင်းဖန်လာပါတော့တယ်။ရှေးရိုးစွဲအမျိုးသားတစ်ဦးနဲ့ ဖျော်ဖြေရေးမိန်းမရှာတို့ရဲ့ကမောက်ကမဆက်ဆံရေးနဲသူတို့တိုက်ထဲမှာဖြစ်ပျက်နေတဲ့မှုခင်းအရှုပ်ထုပ်တွေကို ရီစရာဟာသလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။