မင်းသမီးချောလေး Kim You-Jung ငယ်စဉ်တုန်းက ရိုက်ကူးထားပြီးမင်းသမီး Seo Yea-Ji, မင်းသား Son Ho-Jun, Sung Dong-Il တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystery ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ရက်စက်တဲ့လူသတ်မှုတစ်ခုအပြီး ၁၀ နှစ်အကြာမှာ…Nam Chul-Woong(Son Ho-Jun)ဆိုတဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်ဟာLee Jung-Hyun (Kim You-Jung)တို့ရဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။Lee Jung-Hyunရဲ့ အဖေကတော့ ထူးချွန်ထက်မြက်တဲ့ စုံထောက် Lee Sang-won(Sung Dong-il) ဖြစ်ပါတယ်။တစ်ဦးချင်းစီမှာ လျှို့ဝှက်ချက်တွေရှိနေကြတဲ့ သူတို့ ၃ ယောက်ဟာ တကယ်ပဲ ကံကြမ္မာအရတွေ့ဆုံဖို့ ဖြစ်ခဲ့လေသလား…ဒါမှမဟုတ် တွေ့ဆုံရအောင် တမင်အကြောင်းဖန်ပြီး လက်စားချေဖို့အတွက်ပဲ လာခဲ့လေသလား…အတိတ်က လူသတ်မှုရဲ့နောက်ကွယ်မှာ သူတို့သုံးယောက်ဟာဘယ်လိုအကြောင်းတရားတွေနဲ့ပက်သက်မှုရှိနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့်ခံစားကြည့်ရှုကြည့်ကြပါဦးနော်။