J.C Wiatt ဆိုတာ အောင်မြင်တဲ့စီးပွါးရေပညာရှင်မိန်းမတစ်ယောက်ပါ။ သူဟာ စားလည်းအလုပ် သွားလည်းအလုပ် အလုပ်နဲ့ပဲလက်ထပ်ထားပြီး သူတွဲနေတဲ့သူကအစ အလုပ်ချိုးတစ်ယောက်ပါ။တစ်နေ့မှာဖြစ်ချင်တော့ တစ်ခါလောက်ပဲတွေ့ဖူးတဲ့ ဝမ်းကွဲဖြစ်သူ Andrew Wiatt နဲ့ ဇနီးဟာ မတော်တဆမှုနဲ့ကွယ်လွန်သွားပြီး တစ်ဦးတည်းသောဆွေမျိုးဖြစ်သူ J.C ကိုပဲ အမွေဆက်ခံစေပါတယ်။J.C လည်းအမွေရပြီဆိုပြီး ပျော်နေတုန်းရှိသေးတယ် ဖြစ်ချင်တော့ အမွေဆိုတာ ငွေမဟုတ်ဘဲ သူတို့ရဲ့သမီးဖြစ်သူ နှစ်နှစ်အရွယ် Elizabeth ကိုစောင့်ရှောက်ဖို့ပေးခဲ့တာဖြစ်ပါတယ်တစ်သက်လုံးအလုပ်နဲ့လမိုင်းကပ်အောင်နေလာတဲ့ J.C တစ်ယောက်ကလေးတစ်ယောက်နဲ့ ဗျာများနေရင်း အလုပ်လည်းပြုတ် ရည်းစားကလည်းပစ်သွားနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းသွားပါတော့တယ်ဆိုတော့ J.C နဲ့ Elizabeth လေးတို့ဘဝကိုဘယ်လိုပြန်လည်တည်ဆောက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနှင့်အတူကြည့်ရှု့လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖို့တိုက်တွန်းပါရစေဒီဇာတ်ကားထဲမှာပါတဲ့ Elizabeth ကလေးကလည်း တော်တော်ချစ်ဖို့ကောင်းတာမလို့ ကလေးချစ်သူတွေကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးပါ