In China They Eat Dogs HD

In China They Eat Dogs

Action Comedy Crime HD 1999-09-10 7.362 91 Min

In China They Eat Dog တဲ့။ နာမည်လေးက ဆန်းပါတယ်။အခုခေတ်သာဆို Racist ဆိုပြီး အပိတ်ခံလိုက်ရမယ့်ဖြစ်ခြင်းပါပဲ ။နာမည်ကဆန်းသလို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဇာတ်လမ်းကလည်းဆန်းပါတယ်။ဆန်းပေမယ့်ပေါက်ကရလျှောက်ရိုက်ထားတာမျိုးမဟုတ်လို့ IMDb rating 7.3 တောင်ရထားပါတယ် ။1999ခုနှစ်ထွက် ဒိန်းမတ်ရုပ်ရှင်တစ်ကားအတွက် လူပေါင်း ၃ သောင်းနီးပါး Voteထားပြီး ရတဲ့ Rating ပါ ။Comedyကားတစ်ကားအတွက် တော့တကယ်မြင့်တဲ့ rating ပါပဲ။ဘဏ်ဝန်ထမ်း အာဗစ်ဟာ ဘဏ်ဓားပြတိုက်မှုကို လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အခြောက်ဟန်နင်းရဲ့ အသစ်စက်စက် ဘတ်တံကြီးနဲ့တားဆီးပြီးသူရဲကောင်းဖြစ်သွားပါတယ်။ အဲ့ဒီအတွက်သူရလိုက်တာကတော့ ခိုကိုးရာမဲ့ဖြစ်သွားတဲ့ဘဏ်ဓားပြဖြစ်သူရဲ့ မိန်းမက ရန်တွေ့တာခံရခြင်းနဲ့အတူ လမ်းကြားထဲမှာ ရောခ့်အဖွဲ့ရဲ့ဝိုင်းဆော်တာခံလိုက်ရခြင်းပါပဲ။ ဘဏ်ဓားပြရဲ့ မိန်းမဖြစ်သူကို သနားသွားတဲ့ အာဗစ်ဟာ ဘဏ်ကိုဓားပြပြန်တိုက်မယ့်အပြင် သူကြောင့် ထောင်ကျသွားတဲ့ဘဏ်ဓားပြဖြစ်သူကိုပါ ထောင်ဖောက်ကယ်ဖို့မဟာအကြံအစည်ကြီးကိုအကောင်အထည်ဖော်ပါတော့တယ်။ ဘဏ်ဖောက်ဖို့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ သူ့အစ်ကိုကို သွားစည်းရုံးရင်း ဘဏ်ဓားပြတိုက်၊ထောင်ဖောက်မယ့်ကိစ္စမှာသူ့အစ်ကိုရဲ့စားသောက်ဆိုင်က စားဖိုမှူးတွေပါ ပါချလာပါတော့တယ် ။ဘဏ်ဝန်ထမ်းနဲ့ စားဖိုမှုးတွေလုပ်မယ့် ဘဏ်ဓားပြတိုက်မှုကြီးဟာ ဘယ်လိုတလွဲတွေဖြစ်လာမလဲဆိုတာ ဒီကားမှာကြည့်ကြရမှာပါ။