Veeraaraju 1991 HD

Veeraaraju 1991

Action Crime Drama HD 2025-05-22 8.3 120 Min

နယ်လိုပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က တံငါရွာလေးအတွက်တော့ပင်လယ်ပြာကြီးဟာ သဘာဝကပေးတဲ့ရွှေတွင်းပါပဲ။ငါးတွေလှိုင်လှိုင်ပေါတဲ့ ဒီပင်လယ်ရွာလေးမှာ တစ်ရွာလုံး တံငါလုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။ဒီရွာလေးမှာ တံငါသည်တွေကို အနိုင်ကျင့်နေတဲ့လူကတော့ ဒေဗာရာဂျူဆိုတဲ့သူဇာတ်မြင့်တဲ့သူဆိုပီပီအပေါ်ဖားအောက်ဖိ လူတစ်သိုက်နဲ့ တံငါသည်ရွာသားတွေကိုညှင်းပန်းနေပြီး ဖိနှိပ်ပြီးတော့ သူ့ရဲ့သားဖြစ်သူကလည်း မိန်းမပျိုမြင်ရင်အပျိုအအိုမရှောင် ခြေတော်တင်ချင်တဲ့ ရေပေါ်ဆီပါ။ဒါပေမဲ့ ဒီရွာလေးမှာ နောက်ထပ်ရာဂျူတစ်ယောက်ရှိပါသေးတယ်။သူကတော့ ဗယ်ရာရာဂျူပါပဲ။ သူကတော့ ဒေဗာရာဂျူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး +ရွာသားတွေကို အနိုင်ကျင့်သူတွေကို ကောင်းကောင်းပညာပြတတ်တဲ့ ယမကာလုလင်အမှန်တရားဘက်တော်သားလေးပေါ့။ဒီလိုနဲ့တစ်နေ့ ဒေဗာရာဂျူရဲ့သားဖြစ်သူက ဗယ်ရာရာဂျူရဲ့ညီမ ဗယ်လီကိုဆွဲလားရမ်းလားလုပ်ရင်းကနေ ဗယ်ရာရာဂျူနဲ့ငြိပြီးတော့ နှုတ်ခမ်းမွေးရိတ်တာခံလိုက်ရပါတော့တယ်။ဒါကတော့ နှုတ်ခမ်းမွေးဆိုတာ ‌ယောက်ျားမာန ယောက်ျားသိက္ခာလို့မှတ်ယူထားတဲ့ ဒေဗာရာဂျူကို အကြီးအကျယ်ပေါက်ကွဲသွားစေတော့တာပါပဲ။ဒီကနေစလိုက်တဲ့ ရာဂျူနှစ်ယောက် အားပြိုင်မှုက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။