” ကျော်ပြီးသွားရင် ဘယ်တော့မှ ပြန်လှည့်လိုမရတော့တဲ့စည်းတစ်ခုရှိတယ်။ ကျော်လိုက်ပြီဆိုတာနဲ့ အဲဒီစည်းရဲ့အဆုံးမှာဘာပဲရှိနေရှိနေ သွားရတော့မယ်” ။ကာလီတိုဘရီဂန်တေ (Al Pacino)ဟာထောင်ဒဏ် အနှစ် ၃၀ ကျခံထားရတာနေ သူငယ်ချင်းရှေ့နေဒေးဗစ်ခလိုင်းဖီး(Sean Penn)ကောင်းမှုနဲ့ ၅ နှစ်မြောက်မှာ အယူခံ၀င်ပြီး လွတ်လာခဲ့တယ်။ သူဟာ အရင်ကအလုပ်တွေကို ပြန်မလုပ်တော့ဘဲသန့်သန့်ရှင်းရှင်းနေတော့မယ်လို ဆုံးဖြတ်ထားပြီးသား။ သူ့မှာအိပ်မက်တစ်ခုရှိတယ်။ ငွေ ၇ သောင်းခွဲသာရရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမို့လို့ ပြဿနာတွေကြားထဲ၀င်မပါဘဲကလပ်တစ်ခုကိုဦးစီးပြီး အေးဆေးနေဖို့လုပ်ထားပေမဲ့ သူမကျော်ချင်တဲ့စည်းကို မကျော်ဘဲ နေလို့ရပါ့မလား။