ဒီဇာတ်ကားလေးကတော့ ၃၀ ကြိမ်မြောက် Fajr International Film Festival မှာဇာတ်ညွှန်းဆုရရှိထားပြီး IMDb rating ကောင်းကောင်းရထားတဲ့ကားလေးဖြစ်ပါတယ် ..အားလုံးသိကြတဲ့ The Guest , Seoul Busters စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားချောKim Dong Wook နဲ့ Fight For My Way, Queen Of Tears စီးရီးတွေမှာ ပါဝင်ခဲ့တဲ့မင်းသမီးချော Kim Ji Won, မင်းသားကြီး Kim Soo Ro တို့ရဲ့ ဒရာမာ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်…။ဇာတ်လမ်းကတော့ ..မိခင်ကို ရိုးတွင်းခြင်ဆီလှူပေးနိုင်တဲ့ အလှူရှင်ကို လိုက်ရှာနေတဲ့ မိန်းကလေး ချွဲမီမီ (Kim Ji-Won)အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘိုးအဘွားကို ပြုစုစောင့်ရှောက်ပေးနေတဲ့တက္ကစီသမားလေးဂျီအု (Kim Dong-Wook)ဇနီးဖြစ်သူ ဆုံးရှုံးရမှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ ရှေ့နေ မင်ဂယူ(Kim Su-Ro) စသဖြင့်ဇာတ်ဆောင် ၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး ဇာတ်ဆောင်တစ်ယောက်ချင်းစီရဲ့ အရေးကြီးဆုံးသူတွေကဆေးရုံတစ်ရုံထဲမှာ အသက်လုနေရတဲ့ အကြောင်းပါ…။အဲဒါကို ဇာတ်လမ်းထဲမှာ အပိုင်း ၃ပိုင်းနဲ့ တင်ဆက်ထားပါတယ် ..နောက်ဆုံးမှာတော့ ဇာတ်ကောင် ၃ယောက်လုံးရဲ့ဇာတ်လမ်းတွေကတစ်နေရာတည်းမှာချိတ်ဆက်မိသွားပြီး ဘယ်လို အပြီးသတ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ..