Talisman: The Luck Stealer HD

Talisman: The Luck Stealer

Action Mystery HD 2022-09-07 5 81 Min

ကံကောင်းမှုတွေဟာ သတ်မှတ်ထားတဲ့ပမာဏရှိတာမို့ တစ်ယောက်က ကံကောင်းရင်တစ်ယောက်က ကံဆိုးတတ်ပါတယ်တဲ့။အရည်အချင်းရဲ့နောက်မှာ ကံကပါ ကပ်လိုက်လာတယ်ဆိုတာကို ယုံကြည်ကြတဲ့သူတွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-ကံဆိုးလှတဲ့ ဂျောင်ဂီဆမ်း (Joo Young Ho) ဟာ ၁၀နှစ်​ကျော်ကြာ လူရွေးပွဲတွေလိုက်ဖြေနေသော်လည်း ကျမြဲကျဆဲဖြစ်ပြီး နာမည်မရှိ သရုပ်ဆောင်အဖြစ်နဲ့ပဲ ကျင်လည်နေရတဲ့သူပါ။ဒါ့ကြောင့် သူ့ခမျာထိပ်တန်းကြယ်ပွင့်ဖြစ်ပြီး ဟောလီးဝုဒ်အထိပါ ခြေဆန့်တော့မယ့်မင်းသား ဂျောင်အွန်းချော (Kwon Hae Sung) ကို တိတ်တိတ်လေး မနာလိုဖြစ်နေရတော့တာပေါ့။တစ်နေ့မှာတော့ ချက်ချင်းကြီးကံဇာတာအရမ်းတက်သွားတဲ့ သူငယ်ချင်းရဲ့ ပြောကြားချက်အရသူဒီလိုကံတွေဆိုးနေရတာဟာ သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့လူရှိလို့ဆိုတာနဲ့ကံပြန်ကောင်းလာဖို့အတွက် အဆောင်ရေးပေးတဲ့ရှေ့ဖြစ်ဟောဆရာမရှိကြောင်းသိသွားတဲ့အခါမှာ​တော့ ဂျောင်ဂီဆမ်းတစ်ယောက် သူ့ကိုကံဆိုးစေခဲ့တဲ့လူအကြောင်းသိရဖို့ရှေ့ဖြစ်ဟောဆရာမဆီ ချက်ချင်းလိုက်သွားပါတော့တယ်။ဒီလိုနဲ့သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့သူက သူအမြဲမနာလိုဖြစ်နေရတဲ့မင်းသား ဂျောင်အွန်းချောဆိုတာကို သိလိုက်ရပြီး ကံကောင်းမှုကိုပြန်လည်ရယူဖို့အတွက်ရှေ့ဖြစ်ဟောဆရာမ ရေးပေးလိုက်တဲ့အဆောင်နဲ့အတူ ညွှန်ကြားချက်အတိုင်း မန္တန်ရွတ်ဖို့ကြိုးစားတဲ့အခါမှာတော့ ဂျောင်ဂီဆမ်းတစ်ယောက် ကံကောင်းမှုတွေ ပြန်ရလာနိုင်ပါ့မလား..မန္တန်ရွတ်ဖို့အတွက်ရော အစစအရာရာရှောရှာရှူရှူဖြစ်သွားပါ့မလား….ဆိုတာကိုမင်းသားတွေရဲ့ ယုတ္တိဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။