ဒီဇာတ်ကားလေးကတော့ ဘန့်ဇ်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ရဲ့ဘဝကိုအခြေခံပြီး တင်ဆက်ထားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဘန့်ဇ်တစ်ယောက်ဟာ မိန်းမရယ် သားရယ် သမီးရယ်နဲ့အတူတူ တက္ကစီကားလေးမောင်းရင်းအေးချမ်းတဲ့ဘဝလေးမှာ နေထိုင်နေသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ဘန့်ဇ်သားရဲ့သူငယ်ချင်းတွေဟာ အိမ်ကိုလာလည်ခဲ့ကြရင်းနဲ့ ဘန့်ဇ် တက္ကစီဆွဲနေတဲ့ ကားကိုမတော်တဆ ထိခိုက်မိအောင်လုပ်မိသွားပါတော့တယ်၊။ဒီလိုနဲ့ ဘန့်ဇ်တစ်ယောက် ကားကို ပြင်ဖို့အတွက် သူ့သူငယ်ချင်းဆီကို ပို့လိုက်ပါတော့တယ်။သူ့သူငယ်ချင်းဟာလည်း သူငယ်ချင်းကောင်းပီသစွာနဲ့ပဲ သူ့ကားကို မူးယစ်ဆေးသယ်ဖို့အတွက်အသုံးပြုခဲ့ပါတော့တယ်။ အဲဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ကားကို မူးယစ်မှောင်ခိုမှုနဲ့ရဲတွေသိမ်းတာ ခံလိုက်ရပါတော့တယ်။ ဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ ဘဝဟာ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဘန့်ဇ်တစ်ယောက် သူမလုပ်ထားတဲ့ ပြစ်မှုတွေကြားထဲ ဝင်ရောက်သွားခဲ့ရပြီး အာဏာရှိလူတစ်စုရဲ့အသုံးချခံဖြစ်လာခဲ့တဲ့အချိန်မှာတော့ …….. ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး