Summer Night In Lost City HD

Summer Night In Lost City

Romance HD 2025-05-30

မြို့ပြမှာပျောက်ဆုံးသွားခဲ့တဲ့ နွေရာသီရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ……အဲဒီနှစ်နွေရာသီမှာ ချစ်ရတဲ့သူနဲ့တွေ့ဆုံခဲ့တယ် သူမရဲ့အဲဒီနှစ်နွေရာသီဟာ ပျော်စရာအကောင်းဆုံးဖြစ်ခဲ့တယ်……ဒါပေမယ့် သူပျောက်သွားပြီးနောက်ပိုင်းမှာသူမရဲ့ဘဝမှာနွေရာသီဆိုတာမရှိတော့ပါဘူး……အခက်အခဲတွေအတူကျော်ဖြတ်ပြီး အိပ်မက်တွေအတူရှိခဲ့တဲ့ချစ်သူနဲ့ဘဝကိုအတူဖြတ်သန်းသွားဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် ချစ်သူကရုတ်တရက်ပျောက်သွားပြီးနောက်ပိုင်းမှာ ဇာတိမြို့ကနေထွက်ခွာပြီးရှန်ဟိုင်းမှာနေထိုင်လာခဲ့တယ်။ ရင်ထဲကဒဏ်ရာတွေကြောင့်အိမ်ခဏခဏပြောင်းတဲ့သူမဟာ တစ်နေ့မှာတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့အပေါ်ထပ်ကိုပြောင်းလာခဲ့တယ်။ အဲဒီစားသောက်ဆိုင်မှာသူ့ငယ်ဘဝရဲ့နွေရာသီအရသာတွေကိုပြန်ရလာခဲ့တဲ့အခါ…..ပထမဆုံးတွေ့ဖူးတဲ့ဆိုင်ရှင်လေးကိုရင်းနီးသလိုခံစားမိလာခဲ့တယ်။ရင်းနီးတဲ့သူစိမ်းတစ်ယောက်ချက်ကျွေးတဲ့ အချစ်ရဲ့အရသာတွေကိုစားသုံးရင်သူမဟာ ဒဏ်ရာတွေကိုကုစားရင်း အတိတ်ရဲ့အရိပ်ထဲကနေတဖြည်းဖြည်းချင်းထွက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။