The Maltese Falcon HD

The Maltese Falcon

Crime Thriller Mystery HD 1941-10-18 7.709 100 Min

အလွတ်စုံထောက် ဆမ်စပိတ်ဒ်( ဟမ်ဖရီဘိုးဂတ်)ရဲ့ ရုံးခန်းကို ခပ်ချောချောအမျိုးသမီးတစ်ယောက်က သူ့ညီမကိုရှာပေးဖို့ သူ့ညီမနဲ့ ထွက်ပြေးတယ်ဆိုတဲ့ သာ့စ်ဘီဆိုတဲ့လူကို နောက်ယောင်ခံဖို့အလုပ်လာအပ်ပါတယ် ။ဆမ်ရဲ့တွဲဘက် မိုင်းလ်စ်အာချာက နောက်ယောင်ခံလိုက်ပေးဖို့ လိုက်သွားရင်းသတ်ခံလိုက်ရပါတယ်။နောက်နေ့မှာ သာ့စ်ဘီလည်းသတ်ခံရပါတယ်။ရဲတွေကမိုင်းလ်စ်ရဲ့မိန်းမနဲ့မရှင်းမရှင်းဖြစ်နေတဲ့ဆမ်ကိုလူသတ်မှုအတွက်စွပ်စွဲချင်နေကြပါတယ်။ ဆမ့်ကို နောက်ယောင်ခံနေတဲ့သူရှိတာ ဆမ်က ရိပ်မိပါတယ်။ ဆမ်တို့ကိုအလုပ်အပ်တဲ့ အမျိုးသမီး မစ္စရှော့နက်စီရဲ့ညီမ ဇာတ်လမ်းက လုပ်ဇာတ်ကြီးဖြစ်နေပြီး တစ်စတစ်စနဲ့ အကြောင်းရင်းမှန်ကပေါ်လာပါတယ်။ မစ္စရှော့နက်စီနဲ့ဆမ်လည်း အနမ်းဝေဖြာ ပန်းကမ္ဘာဖြစ်သွားပါတယ်။ဂျိုအယ်ကိုင်ရိုဆိုတဲ့လူကဆမ်ရဲ့ရုံးခန်းထဲထိလာပြီး အမှုအပ်မလိုလိုနဲ့ ပစ္စည်းတစ်ခုလာရှာပါတယ်။ ကိုင်ရို ဆမ်နဲ့ မစ္စရှော့နက်စီတို့ ဆွေးနွေးနေကြတုန်း ရဲတွေအပြင်မှာရောက်လာပြီး ဆမ့်ကိုမိုင်းလ်စ်ရဲ့ကိစ္စ မေးနေကြပါတယ်။ ကိုင်ရိုအော်လိုက်လို့ ရဲတွေဝင်လာပြီး လက်နက်ကိုင်ဆောင်မှုနဲ့ ကိုင်ရိုကို ရုံးကိုခေါ်စစ်ပါတယ်။ဆမ့်ကိုလည်း ခေါ်စစ်တော့ လူသတ်တရား ခံအစစ်ကိုရှာမှဖြစ်တော့မယ်ဆိုတာဆမ်သိလာပါတယ်။ ကိုင်ရိုရဲ့နောက်ကွယ်မှာ လူဝကြီးဆိုတဲ့ လူတစ်ယောက်ရှိနေပြီး သူတို့လိုချင်တာ က အနက်ရောင်သိမ်းငှက်ရုပ်တုတစ်ခုပါ။ဒီရုပ်တုရဲ့ရာဇဝင်ကဘာလဲ။သာ့စ်ဘီ မစ္စရှော့နက်စီ ကိုင်ရိုနဲ့ လူဝကြီးတို့ဘယ်လိုပတ်သက်နေလဲ။သာ့စ်ဘီနဲ့မိုင်းလ်စ်ကိုသတ်တာဘယ်သူလဲ။ဇာတ်လမ်းကဘယ် လိုအဆုံးသတ်မလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ဇတ်ကားကောင်းလေး တစ်ကားမို့အချိန်ပေးရတာ တန်မယ့်ကားပါလို့ ညွှန်းပေးချင်ပါတယ်။