Holiday on Four Wheels HD

Holiday on Four Wheels

Comedy HD 2024-04-18 5.7 87 Min

2024 ကမှထွက်ရှိထားတဲ့ Czech ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းလေးထဲမှာတော့ Honza လို့ခေါ်တဲ့ အိမ်ထောင်ဦးစီး၊ အချက်အပြုတ်ဝါသနာကြီးတဲ့အိမ်ရှင်မ Monika နဲ့အတူအဆော့သန်ပြီး အငြိမ်နေတတ်တဲ့ Pet’r နဲ့ Diana ဆိုတဲ့ သားနဲ့သမီးလေးရှိပါတယ်။တစ်နေ့ Monika ရဲ့အဖေဆီက ကားအဟောင်းကြီးကိုအမွေရလိုက်ပြီးမိုနီကာအနေနဲ့သူတို့သွားဖို့စီစဉ်ထားတဲ့ကမ်းခြေခရီးကို ဒီကားကြီးနဲ့သွားဖို့ဆိုပြီး ပူဆာပါတော့တယ်။ Honza လည်း ကမ်းခြေမှာဘီယာသောက်ပြီးငြိမ့်ရရင်ပြီးရော မိန်းမသဘောဆိုပြီး သဘောတူလိုက်ပါတယ်ဒါပေမဲ့ကားကအတော်ဟောင်းတာကြောင့် ပြင်ပြီးတာတောင်မှ လမ်းမှာ အငြိမ်မနေပဲ ထပျက်ရင်း Honza တို့မိသားစုဘယ်လိုဒုက္ခတွေရောက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့်မိသားစုဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။