Human Traffic HD

Human Traffic

Comedy Drama HD 1999-06-04 6.786 99 Min

ဒီတစ်ခါမှတော့ 1999 ခုနှစ်မှာထွက်ရှိထားတဲ့ ဗြိတိန်ဟာသကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ ဒါရိုက်တာ Justin Kerrigan ကရိုက်ကူးထားပြီး John Simm, Shaun Parkes, LorrainePilkington, Nicola Reynolds တို့နဲ့ Danny Dyer တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက 1990 နှောင်းပိုင်း ဗြိတိန်ရဲ့ လူငယ်ယဉ်ကျေးမှု၊ အထူးသဖြင့် ကလပ်ယဉ်ကျေးမှု၊အရက်နဲ့ မူးယစ်ဆေးဝါး အနုပညာကို ဟာသဆန်ဆန်နဲ့ စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားပါတယ်။အဓိကဇာတ်ကောင်တွေဟာ ဇာတ်လမ်းထဲမှာ အလုပ်တွေ လူမှုရေး တွေကြောင့် ဖိစီးမှုကို ခံစားနေရပြီးသောကြာနေ့ညမှာ ကလပ်ကိုသွားပြီး အပျော်ရှာကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကို ဟာသဉာဏ်ရည်၊ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ တင်ဆက်ထားပြီး လူငယ်ဘ၀၊ မိတ်ဆွေသူငယ်ချင်းကြားကဆက်ဆံရေး၊ စိတ်ဖိစီးမှုတေကနေ လွတ်မြောက်ဖို့ ဘယ်လို ကြိုးပမ်းကြသလဲဆိုတာကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။