အိန္ဒိယရဲ့ အကောင်းဆုံးမှုခင်းရုပ်ရှင်တွဲတွေထဲကတစ်ခုဖြစ်တဲ့တေလေဂူးစကားပြော HIT ရုပ်ရှင်တွဲတွေရဲ့တတိယမြောက်ရုပ်ရှင် ထွက်ရှိလိုလာပါပြီ။ဒီ The Third Case မှာတော့ ပြီးခဲ့တဲ့ The second case ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းမှာ Cameo ပြခဲ့တဲ့ယင်ကောင်မင်းသား နာနီက အဓိကပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ ဒေါသကြီးပြီး အမှုတွေကို ကိုင်တွယ်တာကြမ်းတယ်လိုနာမည်ကြီးတဲ့HIT အဖွဲရဲ့ အရာရှိသစ် အာဂျွန်ဆာကာကို ကတ်ရှ်မီးယားနယ်စပ်ဒေသကလက်သည်မပေါ်တဲ့ လူသဝာ်မှုတွေ ဖြေရှင်းဖို စေလွှတ်ရာကနေတုံးတိုက်ကျားကိုက် အမှုဖြေရှင်းပုံတွေ၊ ဂျွန်ဝစ်ဆန်ဆန်အက်ရှင်ခန်းတွေကိုပရိသတ်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။HIT ရုပ်ရှင်တွေဟာ မှုခင်းရုပ်ရှင်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့တာကြောင့်ပထမဆုံးရုပ်ရှင်ကိုဆိုရင် Bollywood ကတောင် remake ပြန်ရိုက်ခဲ့ပါသေးတယ်။HIT 3 ဟာ ရှေ့ကားတွေကို မကြည့်ဖူးလည်း တန်းကြည့်လိုရတဲ့ Standalone sequel တစ်ခုဖြစ်ပြီးHIT ရုပ်ရှင်တွေဟာ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တာမလိုရှေ့ကရုပ်ရှင်တွေကို မကြည့်ရသေးဘူးဆိုရင်လည်း CM မှာ ရှာကြည့်ကြဖိုတိုက်တွန်းချင်ပါတယ်။