ဒီဇာတ်ကားလေးကတော့ Emmet Ray လို့ခေါ်တဲ့ ဂစ်တာသမားတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ Belgian Guitarist တစ်ယောက်ဖြစ်တဲ့ Django Reinhardtကိုအရမ်းရူးရူးမူးမူးနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း Django နောက်အကောင်းဆုံးဂစ်တာသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။တစ်ကိုယ်ကောင်းဆန်တဲ့ Emmet ဟာဘဝကိုပေါ့ပျက်ပျက်ပဲဖြတ်သန်းလေ့ရှိပြီးမိန်းမတိုင်းကိုလည်း လေးလေးနက်နက်မရှိတတ်သူပါ။ တစ်နေ့မှာတော့ Emmet တစ်ယောက် စကားမပြောတတ်တဲ့ Hattieဆိုတဲ့ကောင်မလေးကိုချစ်မိသွားခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲ… ဒီဇာတ်ကားလေးဟာ 1930s လောက်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပြီးဇာတ်လမ်းထဲမှာ အတ္တအရမ်းကြီးတဲ့ Talented Guitaristတစ်ယောက်ဖြစ်တဲ့ Emmet Ray ရဲ့နေရာကို Sean Penn တစ်ယောက်ဘယ်လိုအကောင်းဆုံးပုံဖော်သွားမလဲဆိုတာ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်