စီအမ်ပရိသတ်တွေ ပေါ့ပေါ့ပါးပါး ခံစားနိုင်ဖို့ တော်တော်လေးရယ်ရပြီးစိတ်ဝင်စားစရာလည်းကောင်းတဲ့ တေလေဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကိုစီအမ်ဘီတီးမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဆာရန်ဂါဟာ ဗေဒင်တွေ၊ ဇာတာခွင်တွေကို မျက်စိမှိတ်ယုံကြည်တဲ့ကားကုမ္ပဏီဝန်ထမ်း အရောင်းသမားတစ်ယောက်ဖြစ်ပါတယ်။ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံရလောက်တဲ့ထိ သူတသက်လုံးမေးခဲ့တဲ့ဗေဒင်တိုင်းကလည်း သူ့အတွက် ဟောချက်တွေမှန်ခဲ့ပါတယ်။ဗေဒင်ရဲ့ကျေးဇူးနဲ့ပဲ သူတို့ရုံးက ချောပေ့လှပေ့ဆိုတဲ့ အထက်လူကြီးစီနီယာဘော့စ်မမကိုရည်းစားတော်ထားခွင့်ရတဲ့ဖိုးကံကောင်းလေးပေါ့။အဲဒီလို ဗေဒင်ကြောင့် တစ်ဘဝလုံး အဆင်ချောလာနေရင်းကနေ ကလပ်တစ်ခုမှာမတော်တဆတွေ့တဲ့ ဟောချက်တွေအင်မတန်မှန်တယ်ဆိုတဲ့ လူထူးဆန်း လက္ခဏာဆရာတစ်ယောက်ကဆာရန်ဂါ့ကို လူသဝာ်သမားဖြစ်မယ့်လက္ခဏာပါတယ်လို့ ဟောသွားတဲ့အခါမှာတော့ ဗေဒင်ဆိုရင်မျက်စိမှိတ်ယုံကြည်တဲ့ ဆာရန်ဂါတယောက် ကမူးရှူးထိုးနဲ့ ကြုံရာလူတစ်ယောက်ကိုသဝာ်ပြီးယတြာချေဖို့ကြိုးစားရာကနေ တလွဲတချော်တွေကြုံရပုံကို အခွီတလိုင်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။