A Cruel Attendance HD

A Cruel Attendance

Crime HD 2006-11-02 5.6 108 Min

မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့အိုဒုံးချောက ပုံမှန်လခစားရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့အကြွေးပုံထဲမှာနစ်ပြီးဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကိုပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။အဲဒီအချိန်မှာသူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟိုနဲ့ တွေ့ဆုံခဲ့ပြီးနောက်ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ကြံစည်ခဲ့ပေမဲ့လည်းအကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ်ပျက်ခဲ့ရပါတော့တယ်။အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေးထယ်ဟီးကိုပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ  ဒုံးချောဆီကို“မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ် ” ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ…ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ပြန်ပေးဆွဲတဲ့အစီအစဉ်လေးက ထင်ထားသလိုချောချောမွေမွေ့နဲ့ဖြစ်သွားပါ့မလား…သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာကို ကြားပြီးဒုံးချောတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို ဒီကားလေးထဲမှာ  အလွဲလေးတွေနဲ့ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။