ဒေါက်တာကီရ်သီဆိုတာကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်သူဖြစ်ပြီးတော့သဘာဝလွန်စိတ်ပညာနဲ့ ပတ်သတ်ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ လေ့လာနိုင်ဖို့အတွက်နာမည်ကြီး သဘာဝလွန်စိတ်ပညာရှင်ကို ဖိတ်ခေါ်ကာ ပို့ချမှုတစ်ခုလုပ်ပေးခဲ့ပါတယ်။ဒေါက်တာကီရ်သီဟာ မှုခင်းဆေးပညာဌာနမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ပတ်မာနာဘာ ရာမာဆွာမိဆိုတဲ့ အငြိမ်းစားတရားသူကြီးတစ်ယောက်ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတော့တယ်။ အဲဒီလူသတ်မှုကို ဒေါက်တာကီရ်သီကမှုခင်းဆေးပညာရှင်တစ်ယောက်အနေနဲ့ တာဝန်ယူပြီး စစ်ဆေးပေးရပါတယ်။ဒီလို စစ်ဆေးပေးရာကနေမှ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ အမှောင်ထုကြီးရှိနေတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့ ဒေါက်တာကီရ်သီတစ်ယောက်ဒီအမှုကိုကိုင်ထားတဲ့ အရာရှိနဲ့အတူတူ ဘယ်လိုနည်းလမ်းတွေ သုံးပြီးတော့ စုံစမ်းဖော်ထုတ်သွားမလဲ …..ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့အရာတွေ ရှိနေမလဲ …..အမှုမှန်ကိုရောစုံစမ်းဖော်ထုတ်နိုင်ပါ့မလား…..ဆိုတာကို မမျှော်လင့်ထားတဲ့လှည့်ကွက်တွေနဲ့အတူတူ ကြည့်ရှုရမဲ့ မလေယာလမ် Thriller ဇာတ်ကားလေးဖြစ်ပါတယ်။