” ဘဝမှာ တိုက်ဆိုင်မှုဆိုတာမရှိဘူး။ အရာအားလုံးက ကံကြမ္မာရဲ့စေစားရာပဲ ”US မှာအလုပ်လုပ်နေတဲ့ဗစ်ကီတစ်ယောက် အဖေနဲ့အမေရဲ့ဆန္ဒအရ လေးနှစ်ကြာမှာအဖေအမေတို့နဲ့အတူ မင်္ဂလာပွဲတက်ဖို့ အိန္ဒိယကို ခွင့်တင်ပြီး ပြန်လာခဲ့ပါတယ်။အဖေနဲ့အမေကတော့ ပျော်လို့မဆုံးတပြုံးပြုံးနဲ့ သားကို လေဆိပ်ကနေ လာကြိုကြတာပေါ့။ဒါပေမဲ့လေးနှစ်တာကွဲကွာနေတဲ့မိသားစုကို ကံကြမ္မာက လေးမိနစ်တောင်ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ခံစားခွင့်မပေးခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပွဲကိုသွားတဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ပြီးမိဘနှစ်ပါးလုံးဆုံးပါးသွားသလိုပဲ ဗစ်ကီကိုယ်တိုင်လည်း သုံးလကိုမာဝင်သွားတဲ့အတွက်ပါ။တစ်ချိန်က အားလုံးပြည့်စုံနေတဲ့ဗစ်ကီရဲ့ဘဝလေးဟာ မျက်စိတစ်မှိတ်မှာ သုံးလကြာသွားပြီးနိုးထလာချိန်မှာ သူပိုင်ဆိုင်တာဆိုလို့ ကံကောင်းလားမသိ ကံဆိုးလားမသိ ရှင်ကျန်နေခဲ့တဲ့ သူ့ရဲ့အသက်ပါပဲ။လောကဓံအဆိုးမှာ အကျနာခဲ့တဲ့ဗစ်ကီတစ်ယောက် ခံစားချက်ဂယက်ထဲမှာတဝဲလည်လည်ဖြစ်နေရင်း လွတ်ရာလမ်းကို ရှာတွေ့နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။