ဘဝမှာ အသက်ရှင်ဖို့ တစ်ပတ်ပဲ အချိန်ရတော့မယ်ဆိုရင် သင် ဘာတွေလုပ်ဖြစ်မယ်လို့ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ နှလုံးရောဂါအခံကြောင့် တစ်ပတ်ပဲ အသက်ရှင်ရတော့မဲ့ကောင်မလေးဖြစ်သူနဲ့ ဒီကိစ္စကိုရုတ်တရက်သိလိုက်ရတဲ့ သူ့ရဲ့ကောင်လေးတို့ ကျန်ရှိတဲ့အချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ယုမဆိုတဲ့ ကျောင်းသူလေးက သူနဲ့တွဲလာတာ လပိုင်းပဲရှိသေးတဲ့ကောင်လေးကို သူဟာတစ်ပတ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်းသူ့ရဲ့ရောဂါအခြေအနေကို ရုတ်တရက်ခဲ့ပါတယ်။စသိသိချင်းမှာ ကောင်လေးကတော့ ဒါကို လက်မခံနိုင်ခဲ့ပေမဲ့ ယုမရဲ့ ပျော်ရွှင်မှုကိုသာလိုလားသူမို့အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သာမန်လူမှာ သေဆုံးချိန်ကို ကြိုမသိရပေမဲ့ ရောဂါဆိုးရှိနေခဲ့တဲ့ ကောင်မလေးမို့ သူ့ရဲ့ နောက်ဆုံးအချိန်ကိုယုမလေးတစ်ယောက် သူဖြစ်ချင်တဲ့တဲ့ lolita အိပ်မက်နောက်ကို လိုက်ပါတော့တယ်သူ့ရဲ့လက်ကျန်အချိန်တွေမှာ လုပ်ချင်တဲ့အရာဖြည့်ဆည်းပေးတဲ့ ကောင်လေးဖြစ်သူနဲ့ မိဘတွေရဲ့ချစ်ခြင်းမေတ္တာ၊ သေခြင်းတရားပေါ် အမြင်နဲ့ ဘဝရဲ့မတည်မြဲလွယ်မှုကို သူတို့တွေဘယ်လိုဘယ်ပုံနားလည်မှုရပြီး လက်ခံလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။