The Bunkerဆိုတဲ့ကားလေးကတော့ 2024မှာထွက်ရှိထားတဲ့horror sci-fi ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ ကမ္ဘာတစ်ဝန်းမှာ ဂြိုလ်သားအာကာသယာဥ်များပေါ်လာပြီး လူထုလည်း ရုတ်ရုတ်သဲသဲဖြစ်နေပါတယ်။အမေရိကန်အစိုးရက ကမ္ဘာအနှံ့က အတော်ဆုံးသိပ္ပံပညာရှင်အချို့ကို အဖွဲ့ဖွဲ့ပြီး ဂြိုလ်သားများရန်မှကာကွယ်ဖို့ ဇီဝလက်နက်တစ်ခုကိုထုတ်လုပ်ရန် အမိန့်ပေးလိုက်ပါတယ်။Dr. MichelleRiley ဟာလည်း အမိန့်ပေးခံရတဲ့သိပ္ပံပညာရှင်များထဲကတစ်ဦးအပါအဝင်ဖြစ်ပြီး သူ့မအဖွဲ့သားများနဲ့အတူမြေအောက်စခန်းမှာ ပုန်းရင်း ဇီဝလက်နက်ကိုသုတေသနပြုလုပ်ကာရှာဖွေပါတော့တယ်ဂြိုလ်သားများကလည်း အသိညာဏ်ပညာမြင့်မားတာကြောင့်သိပ္ပံပညာရှင်များစစ်တပ်များရဲ့တည်နေရာကိုစကန်ဖတ်ကာသူတို့နည်းပညာနဲ့ လူသားဦးနှောက်ထဲဝင်ပြီးထိန်းချုပ်ကာကိုယ့်ကိုယ်ကိုအဆုံးစီရင် စေပါတယ်။အဲ့လိုအခက်ခဲမျိုးကြားမှာ Dr. Michelle တို့အဖွဲ့ကကျော်ဖြတ်နိုင်မှာလား………စကန်အဖတ်ခံရပြီးသေဆုံးသွားကြမှာလား………ဇီဝလက်နက်ကိုတီထွင်နိုင်ပြီးကမ္ဘာကြီးကိုကယ်တင်နိုင်မှာလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။