2010 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ “The Last Exorcism”ဆိုတဲ့မှတ်တမ်းရုပ်ရှင်လေးတစ်ခုကတော့စုစုပေါင်း ဆု7ဆုရရှိခဲ့ပြီး 10ဆုစာရင်းဝင်ခဲ့ပါတယ်။အောင်မြင်မှုအများကြီးရရှိခဲ့တဲ့ ကားတစ်ကားဖြစ်လို့ Budget အနည်းငယ်သာထုတ်သုံးထားပေမယ့် အဆပေါင်းများစွာ မြတ်ခဲ့ပါတယ်။အဓိကဇာတ်ဆောင် “ရဗရန် ကော်တန် မားကပ်စ်”ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ဖာသာတစ်ဦးရဲ့ ဘာသာရေးအပေါ်မင်္သကာသံသယဝင်မိတဲ့စိတ်ကူးပေါ်မှာ အခြေခံမှီငြမ်းထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ“မားကပ်စ်”ဟာ နှစ်ပေါင်းများစွာလူတွေကို နတ်ဆိုးဖယ်ရှားတဲ့ အတတ်ပညာနဲ့လှည့်စားခဲ့ပေမယ့်သူ့အတွက်နောက်ဆုံးလို့သတ်မှတ်ထားတဲ့နတ်ဆိုးနှင်မှုမှာတော့ “မားကပ်စ်”တစ်ယောက်တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့လာပါတော့တယ်။လူတွေရဲ့ကြောက်ရွံ့မှုတွေကို ခုတုံးလုပ်ပြီး အလွဲသုံးစားလုပ်တဲ့ဘာသာရေးလှည့်စားမှုတွေကိုဝေဖန်ထားတဲ့ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားသလို သရဲကားထပ်ပိုကြောက်ဖို့ကောင်းတဲ့ found footage မျိုးဖြစ်တဲ့အတွက်ယခုချိန်ထိ ကြောက်စရာအကောင်းဆုံး horror ရုပ်ရှင်တစ်ခုအဖြစ်သုံးသပ်သူတွေရှိနေတုန်းပါပဲ။ အဓိကဇာတ်ဆောင်မင်းသမီးအပူးခံရတဲ့အခန်းမှာဆိုရင်လည်း CGI လုံးဝမသုံးထားဘဲသူမကိုယ်တိုင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားတာကို တွေ့ရမှာပါပုံမှန်သရဲနှင်ကားတွေနဲ့မတူတဲ့ ရူထောင့်ကနေရိုက်ကူးထားတာဖြစ်တဲ့အပြင်အလှည့်အပြောင်းတွေအများကြီးပါဝင်တဲ့ အဆုံးသတ်က ကြည့်ရူသူတွေကိုတွေးပြီးရင်းတွေးနေစေမှာမို့ ဘဝမှာတစ်ခါလောက်တော့ကြည့်ဖူးသင့်တဲ့ကားထဲမှာ ပါတယ်လို့ပြောချင်ပါတယ်။Review တွေထဲမှာ အကြံပေးထားတာကတော့အဆုံးထိကြည့်ပြီးအစကနေနောက်တစ်ခေါက်ပြန်ကြည့်မယ်ဆိုရင်ဒါရိုက်တာအသေးစိတ်ထည့်သွင်းထားတဲ့ သဲလွန်စတွေရှေ့ပြေးနိမိတ်တွေအားလုံးကို ကွက်ကွက်ကင်းကင်းနားလည်သွားမှာပါတဲ့။