Anna and the King HD

Anna and the King

Drama History Romance HD 1999-12-16 6.771 148 Min

ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ်။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။အဲဒီညကကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီးကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး နှစ်ပတ်လည်ပွဲလုပ်တော့အန်နာ့ကိုဦးစီးခိုင်းပါတယ်ပွဲမှာအနောက်တိုင်းဝေါ့ဇ်အကကိုထည့်ထားပြီးဘုရင်ကအန်နာနဲ့ကပါတယ်။ပွဲမှာ အန်နာကအင်္ဂလိပ်လိပ်ကုန်သည်တစ်ယောက်ကိုရဲရဲရင့်ရင့်ပဲ ထိုင်းဘက်ကနေကာကွယ်ပြောလိုက်လို့ဘုရင်ကအန်နာထင်တဲ့ဟာကိုအမြဲပြောဖို့ခွင့်ပေးခဲ့ပါတယ်။ဘုရင်ရဲ့သမီးတော်လေးဖားရင်က ပုံဆွဲတာဝါသနာပါပြီး အန်နာ့ကိုပုံလေးတွေပေးတတ်ပါတယ်ဖားရင်နေမကောင်းဖြစ်ပြီးဆုံးခါနီးတော့အန်နာနာမည်ကိုချည်းခေါ်နေလို့ အန်နာနဲ့ပေးတွေ့လိုက်တဲ့အခါ အန်နာ တစ်အားခံစားရပါတယ်။ဘုရင်ကလည်းသမီးတော်လေးဆုံးပြီးကတည်းကစိတ်တွေတိုနေလို့ အန်နာကကလေးတွေနဲ့ ပျော်ပွဲစားထွက်ဖို့ခေါ်တော့မလိုက်ဘူးလိုလိုနဲ့ စကားအခြေအတင်ပြောကြပြန်ပါတယ်။အန်နာကအင်္ဂလိပ်တွေထိုင်းကိုသိမ်းမယ့်အကြံကိုဆိုလက်မခံပါဘူးထိုင်းကုန်သည်တွေသတ်ခံရတာအင်္ဂလိပ်တွေရဲ့လက်ချက်လားလို့ရဲရဲရင့်ရင့်သွားမေးပါသေးတယ်။ကိုယ်လုပ်တော်တပ်တင်ရဲ့ အမှုကိစ္စတစ်ခုအတွက်အန်နာကဘုရင်ကိုသွားပြောတဲ့အခါ ဘုရင်ကလက်မခံခဲ့ပါဘူး။ တပ်တင်နဲ့ဘာလတ်ကွပ်မျက်ခံရလို့အန်နာဝမ်းနည်းပြီးအင်္ဂလိပ်လန်ကိုပြန်ဖို့လုပ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ကအန်နာ့ဆီလိုက်လာပြီးစစ်သူကြီးအယ်လတ်ကတိုက်ခိုက်အာဏာသိမ်းဖို့လုပ်နေပြီး ဘုရင်နဲ့မိဖုရားတွေသားတော်သမီးတော်တွေနန်းတော်ကနေ ရှောင်ရဖို့ဖြစ်လာတဲ့အခါ အန်နာဘယ်လိုဆုံးဖြတ်မယ်ဘာတွေဖြစ်မယ်ကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ဇတ်ကားပေးချင်တဲ့အနှစ်သာရယဥ်ကျေးမှုတွေ ရိုးရာဓလေ့ထုံးတမ်းတွေမှာ ဘယ်နိုင်ငံကပိုသာတယ်ဆိုတာမရှိပါဘူးအန်နာကထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်တောက်ပတဲ့ အလင်းတန်းတစ်ခုကိုဖြစ်စေခဲ့ပါတယ်တဲ့။နောက်တော့ထိုင်းဘုရင်က ကျွန်စနစ်ကိုဖျက်သိမ်းခဲ့တယ်။တရားစီရင်ရေးကိုပြုပြင်ခဲ့တယ်ထိုင်းရဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့တယ် ။