Grave Encounters HD

Grave Encounters

Horror Thriller HD 2011-09-09 6.301 93 Min

ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီးဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူကပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်ကGrave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ)အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖိုစိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲစောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horrorအမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့်ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီးတစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်းစိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scareသုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်းခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ခြောက်တဲ့သရဲတွေနေရာတွေကလည်း ဖြစ်ကတတ်ဆန်းခြောက်နေတာမဟုတ်ပဲ သူ့ဇာတ်ကွက်သူ့ဇာတ်လမ်းသူ ဖြစ်နေတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။နောက်ပြီးတော့ တောခြောက်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါခုဟာကလည်း ဒီလိုမျိုး ခပ်ဆင်ဆင်ဇတ်ကွက် တစ်မျိုးလည်းဖြစ်လို့စောင်ခြုံကွေးရင်း ခံစားနိုင်ကြပါစေဗျာ…