ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ…ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်…ဟုတ်ပါတယ်… ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေမကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်…ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား…ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ… အဖိနှိမ့်ခံလူသားတွေရဲ့ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ… ဘယ်သူကမြင်မှာလဲ…ဒီလိုမလုပ်သင့်ဘူး… ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်…တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့…ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို…မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီးအဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့…ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ…ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကိုကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့…ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုးနားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်…သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့…ဆွံ့အနားမကြားလေးပေါ့… ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့…ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့…ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား…သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီးလမ်းမှန်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ အရာရှိကောင်းပေါ့…တစ်ချိန်တည်းမှာပဲ ထောင်ထဲ သူတို့ကိုအနိုင်ကျင့်နေတဲ့ ဆေးမှုနဲ့ထောင်ကျတဲ့ သက်ကြီးသမား ဟူဖျင်ကလည်းဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အခန်းက ပါထားပြန်တယ်…