မြို့ငယ်လေးတစ်မြို့မှာ အားလုံးကိုမေတ္တာထားပြီးတော့ ကိုယ်ကျိုးကိုမကြည့်ပဲဆေးကုပေးတဲ့သမားတော်တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။သမားတော်ဖန်းဟာ ဆေးပညာတော်တဲ့အပြင်သိုင်းပညာပါတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ တောထဲမှာဆေးခူးသွားရင် လူတစ်ယောက်ကိုကယ်ခဲ့ပါတယ်။သူကယ်ခဲ့တဲ့လူဟာ တရုတ်နိုင်ငံပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက်အစည်းအဝေးလုပ်မယ့် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါတယ်။ဒီလိုနဲ့အခွင့်ကြုံလာတော့ အထူးပုဂ္ဂိုလ်ကိုကာကွယ်ပေးရင်းအစည်းအဝေးအထမြောက်အောင်ကူညီပြီးတော့ တိုင်းပြည်အတွက်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့ကြိုးစားခဲ့ပါတယ်။လုပ်ကြံမှုတွေအထပ်ထပ်နဲ့ အန္တရာယ်တွေကိုကျော်ဖြတ်ရင်းဒီတာဝန်ကြီးကိုဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာရိုက်ကူးထားတဲ့နိုင်ငံရေးဇာတ်ကားပဲဖြစ်ပါတယ်။