ဒီကားလေးက “Hypochondria” လို့ခေါ်တဲ့ ဘာရောဂါမရှိပဲကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန်တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ)ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက်အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy& Romance အမျိုးအစားမက္ကစီကိုရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်..အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေမပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည်ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူမက္ကစီကိုရုပ်ရှင်ရုံတွေမှာမျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင်ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ CharacterDevelopment နှေးတာကလွဲရင် ရယ်ရတာမို့ကြည့်ရတန်ပါတယ်…လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲအပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့Message လေးနဲ့အတူပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာဖြစ်ပါတယ်….