The Surrender HD

The Surrender

Drama Horror HD 2025-03-09 6.2 95 Min

မီဂန်ဟာ နယူးရော့ခ်မှာ ကျောင်းတက်နေရင်းက ကင်ဆာဖြစ်နေတဲ့ အဖေဖြစ်သူ ရောဘတ်က အခြေအနေမဟန်တော့တာကြောင့် ဇာတိမြို့ကလေးကို ပြန်လာခဲ့ပါတော့တယ်။သူမရဲ့အမေဖြစ်သူဘာဘရာလည်း လင်ဖြစ်သူကို ပြုစုရလွန်းလို့ စိတ်ထောင်းကိုယ်ကြေဖြစ်လို့နေရှာပါတယ်။တစ်ညမှာတော့ သူတို့နှစ်ယောက်သား ဆေးတိုက်ရမဲ့အချိန် အမှတ်မှားပြီး နှစ်ခါတိုက်မိသလို ဖြစ်သွားခဲ့ပါတယ်ဘာမှမဖြစ်လောက်ဘူးထင်ပြီး နှစ်ယောက်သား အိပ်လိုက်ရာက မနက်နိုးလာချိန်မှာ ရောဘတ်က အသက်မရှိတော့ပဲ အေးစက်မာတောင့်နေပါပြီ။လောကီရေးရာတွေ လေ့လာလိုက်စားတဲ့ ဘာဘရာဟာရောဘတ်သေတာကို ဖြည်မဆည်နိုင်ပဲ သူမရဲ့ ဝါသနာတူမိတ်ဆွေ ဒက်ဘရာညွှန်းပေးတဲ့အမည်မသိလူတစ်ယောက်ကို ဆက်သွယ်ပြီး သူမဟာ သူ့ယောက်ျား ရောဘတ်ကို အသက်ပြန်သွင်းဖို့ကြိုးစားပါတော့တယ်။သမီးဖြစ်သူ မီဂန်ကလည်း အယုံအကြည်မရှိပေမဲ့ သူ့အမေ စိတ်ဖြတ်နိုင်အောင် လိုက်လျောပြီး လုပ်ပေးပါတော့တယ်။ဒီတော့ ဒက်ဘရာ ညွှန်းပေးတဲ့သူက ဘယ်သူလဲ၊အောက်လမ်းလား အထက်လမ်းလား၊ မီဂန်ရယ်၊ ဘာဘရာရယ် ထူးဆန်းတဲ့လူကြီးရယ်သုံးယောက်သား ဘယ်လိုများ အသက်ပြန်သွင်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။