မက်တယ်လ်ဂီတဟာ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်အများအပြားရှိတဲ့ ဂီတအမျိုးအစားတစ်ခုပါ။ သူ့ရဲ့ ပြင်းထန်တဲ့ အသံနဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ဖော်ပြတဲ့ ပုံစံကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Impaled Rektum “တံကျင်လျို” မတ်တယ်လ်တီးဝိုင်းဟာ ပထမဇာတ်ကားက ဖြစ်ရပ်တွေကြောင့် နော်ဝေထောင်တစ်ခုမှာထောင်ဒဏ်ကျခံနေရပါတယ်။ အဆိုတော် တိုရို (Johannes Holopainen)၊ ဘေ့စ်ဂစ်တာသမား ဇီထရပ်စ် (Max Ovaska)၊ ဂစ်တာသမား လော့ဗိုနန် (Samuli Jaskio) နဲ့ ဒရမ်သမား အိုလာ (ChikeOhanwe) တို့ကို ဂျာမနီနိုင်ငံ ဗက်ကမ်မှာကျင်းပမယ့် ဂီတပွဲတော်အတွက် ယူရို ၅၀၀၀၀ပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ဇီထရပ်စ်က မတ်တယ်လ်ဂီတပွဲမစစ်လို့ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့် မွေးမြူရေးခြံကိုအပေါင်ဆုံးတော့မယ့် လော့ဗိုနန်ရဲ့အဖေကို ကယ်တင်ဖို့ ထောင်ဖောက်ပြေးပြီး ပိုက်ဆံရှာဖို့အသည်းအသန်ကြိုးစားကြပုံများကို ဟာသတွေနှောပြီး ကြည့်ရမှာပါ။ တံကျင်လျိုအဖွဲ့ရဲ့မက်တယ်လ်ဂီတပုံစံကတော့ “”symphonic post-apocalyptic reindeer-grinding Christ-abusing extreme war pagan Fennoscandian metal” ပါတဲ့။ ချစ်စရာ ဂျပန် Baby Metal အဖွဲ့က Cameoပါဝင်ထားပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Juuso Laatio နဲ့ Jukka Vidgren ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။